အမှတ်တမဲ့ သိခဲ့ရတဲ့ကဗျာ
ဘာမှမတွေးပဲ အများကြီးတွေးဖြစ်သွားတယ်
ဘာမှမပြောပဲ အများကြီးပြောဖြစ်သွားခဲ့တယ်
ကျွန်တော်လေ……..
လောကဓံတရားနဲ့ စီချင်းတိုက်
တစ်ချက်တစ်ချက် အငိုက်မမိအောင်သတိ
ပတ်ဝန်းကျင်ကိုတောင် မကြည့်မိတော့ဘူးဗျ
မပေးပဲရခဲ့တယ်  ဒုက္ခ
မယူပဲရှိခဲ့တယ် သောက
ဘ၀မှာ မောဟတွေထောင်းလမောင်းထနေခဲ့ရပေါ့
(မြင်ကြည့်လိုက်ကြစမ်းပါ……)
တွေ့ လား………….
…………………………………
အနာဂတ်……..
ကိုယ့်ကိုယ်ကို ပြန်ရှာရင်း ကိုယ်တိုင်ပျောက်ဆုံး
အတ္တတွေ အမြင်ကိုကန်းစေခဲ့တယ်……..
………………………………………………………..
…………………………
(ကဲ……..အားလုံးပဲဗျာ)
ကိုယ့်သမိုင်းကို မှိုင်းမမိစေဖို့ 
ကိုယ်ထူကိုယ်ထ ကိုယ့်စိတ်ဓါတ်ကိုပြင်ဆင်ကြဖို့ အချိန်တန်ပြီဗျ…….
………………………………………………………………………………….
လောကဆိုတာကတော့ ………..
……………………………………………….
နေသားတကျသူ့ အထာနဲ့ သူ လှပနေတာလေဗျာ
ဝိုင်းပြီးအပြစ်မဖို့ ကြေးပေါ့………….
………………………………………………………………..။                             ။
မိုးထက်အောင်
Comment #4
ဟုတ်ကဲ့ပါဗျာ…….အစ်ကို မုဆိုး ကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ……
;p
                        By: moehtetaung18 at Dec 16, 2010
                    Comment #6
ကောင်းတယ် ကဗျာက ကိုမိုးထက်အောင်။ နေသားတကျနဲ့လှပနေတာပဲ လောကကြီးက
                        By: genius.jinx28 at Dec 16, 2010
                    Comment #8
လိပ်ပြာလေး၊အစ်ကိုgenius.jinx28 နဲ့ နှောင်းလူတို့ ကိုလည်းကျေူးဇူးအများကြီးတင်ပါတယ်ဗျာ……
B-)
                        By: moehtetaung18 at Dec 17, 2010
                    



 
Comment #1
အနာဂတ်……..
ကိုယ့်ကိုယ်ကို ပြန်ရှာရင်း ကိုယ်တိုင်ပျောက်ဆုံး
အတ္တတွေ အမြင်ကိုကန်းစေခဲ့တယ်……..
………………………………………………………..
…………………………
(ကဲ……..အားလုံးပဲဗျာ)
ကိုယ့်သမိုင်းကို မှိုင်းမမိစေဖို့ 
ကိုယ်ထူကိုယ်ထ ကိုယ့်စိတ်ဓါတ်ကိုပြင်ဆင်ကြဖို့ အချိန်တန်ပြီဗျ…….
………………………………………………………………………………….
လောကဆိုတာကတော့ ………..
……………………………………………….
နေသားတကျသူ့ အထာနဲ့ သူ လှပနေတာလေဗျာ
ဝိုင်းပြီးအပြစ်မဖို့ ကြေးပေါ့………….
………………………………………………………………..။
ကြိုက်တယ်ဗျာ…. ကျေးဇူး တင်ပါတယ် ကဗျာရေးသားသူကို….