Professional Authors

ကောင်းကင်လိုချစ်သူ အတွက်

လေနှင်ရာလွင့်

မိုးတိမ်အဖြစ်နှင့်

ငါ၏ ချစ်ခြင်းမျောရင်း တာရှည်

အတိတ်တွေဖြင့်

ချုပ်နှောင်မဲ့ထား

တိမ်လိုငါ့အား ကာဆီးမိုးအုပ်

နင်က ကောင်းကင်လုပ်လို့

အုပ်ထိန်းပဲ့ပြင် လွယ်လိုက်လေခြင်း 

ခုဆို ….

အရာရာ ပြင်ဆင် မှောင်တိုက်တွင်းမှ

ကြိုးစားတက်လာ ငါ့နှလုံးသားအား

ကျေးပြုယုယ ကြင်နာတွယ်တာ

နင့်ကောင်းကင်အောက်မှာ

လွမ်းခြင်းမဲ့မဲ့ ၊ ဆွေးခြင်းမဲ့မဲ့

ချစ်ခြင်းဖြင့်သာ လင်းလက်ပါရစေ

ကောင်းကင်လိုချစ်သူရေ ။

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

အားပေးသွားပါသည်

Comment #2

Wowwwww
soooooo sweet.

commentinfo By: ei lay at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment