Professional Authors

မင်းအတွက် သုံညပေါ့…..

 

ဝိုင်တခွက်လောက်တောင် စူးရှအက်ကွဲတဲ
့အရသာကို မခံစားလိုက်ရဘူး

တကယ်ဆိုဘ၀မှာ ဆေးလိပ်မီးခိုးငွေ့ လို

မင်းနဲ့ ငါ ပြတ်ပျယ်သွားခဲ့ ပြီ…….
ဖဲတချက်လို ဝေမျှရင်း နားလည်မှုတွေဟာ
တို့ နှစ်ယောက်ကို ဝေးကွာမှုတံတိုင်းခြားစေတယ်
မင်းကို ငါသတိရတဲ့ အချိန်ဟာ 
တို့ နှစ်ယောက် ပျော်ရွှင်ကြည်နူးခဲ့တဲ့ အချိန်ပေါ့
ငါခေါင်းထဲမှာ ပုံမှန်လည်ပတ်မှုထက် ပိုတဲ့ 
မင်းအကြောင်းကို စဉ်းစားတဲ့အချိန်ဟာ 
ဘယ်အရာနဲ့ မှ နှိုင်းရှင်လို့ မရအောင် 
မင်း ပုံရိပ်က ဖမ်းစားထားတယ်…
ငါမင်းကိုရူးသွပ်စွာနဲလွမ်းတာပါ
ဘ၀ကို အက္ခရာ အစဉ်လိုက်မှတ်ရင်
ငါက မင်းအတွက်တော့ သုံညပေါ့
In: ကဗျာ Posted By: Date: Dec 15, 2010
Comment #1

လန်းပါ့ကွာ တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းလာတယ်ဗျို့ . ..

Comment #2

ဟုတ် ကျေးဇူ လိပ်ပြာရေ….

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #3

ငါက မင်းအတွက်တော့ သုံညပေါ့

commentinfo By: moehtetaung18 at Dec 15, 2010
Comment #4

ဟုတ်တယ်……. မိုးတက်ရေ……

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #5

ဟုတ်ကဲ့ ဇာတိရေ 00000000000000000000000000000000000000000000000000000
တော်တော် များနေပြီ

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #6

ကိုဇာတိ 000000000 ကဘာလဲဟင်ပြောပြပါလား

commentinfo By: Gipsy Lay at Dec 15, 2010
Comment #7

တကယ်ဆိုဘ၀မှာ ဆေးလိပ်မီးခိုးငွေ့ လို
မင်းနဲ့ ငါ ပြတ်ပျယ်သွားခဲ့ ပြီ…….
ဖဲတချက်လို ဝေမျှရင်း နားလည်မှုတွေဟာ
တို့ နှစ်ယောက်ကို ဝေးကွာမှုတံတိုင်းခြားစေတယ်

ကိုနှောင်းလူရေ..အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #8

ဟုတ်ကဲ့ အားပေးတာ ကျေးဇူးတင်ပါတယ် အသဲကွဲမိုးရေ….:)

commentinfo By: နှောင်းလူ at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment