Professional Authors

အလွမ်းတွေ လွယ်ထားတဲ့ ကမ်း

ခပ်ကြမ်းကြမ်းအမုန်းတွေပါပဲ ရင်ဘတ်ကိုရေးခြစ် တရားဝင် အိပ်စက်နေခဲ့တာ

ကာလနဂါးတွေတောင်နေရာပြောင်းရွှေ့သွားကြပြီ

ကျွန်တော့်မှာခုထိ ငိုလို့ ကောင်းတုန်း။

 

ဘာလည်း..ခင်ဗျားမသိဘူးဟုတ်လား

ကျွန်တော့်ကျရှံးခန်းတွေအကြောင်း…

ဒါဆိုရော့ – နှစ်ရာ

ဆေးလိပ်သွားဝယ်သောက်လိုက်

ပျံဝဲ ပျောက်ရှ သွား တဲ့ မီးခိုးငွေ့တွေရဲ့ဈာပနာ

(ရှာကြည့်လိုက်စမ်းပါ)

ဘယ်တစ်ဦးတစ်ယောက်ကများငိုကြွေး မြည်တမ်းခဲ့ဖူးသလည်း။

 

သွားပါဗျာအချစ်ကိုမရလို့  ရမ်းနေတဲ့ ကြောင်တောင်တောင်  ကလေးမလေးပါ

အဲသလိုသတ်မှတ်

အချစ်ကားတွေကြည့်ရင်ကျော်မကြည့်နဲ့

စကားဆိုတာမလိုအပ်ရင် ပါးစပ်ပေါက်ကြီးလည်း ပါလာမှာမှမဟုတ်ပဲ

အကြည့်တွေနဲ့လှုပ်ရှားချင်ရင်remote တခုလောက်တော့နှိပ်တတ်ဖို့ လိုတယ်။

 

ဂဏန်းတွေကန့်လန့်သွားတဲ့နေ့ကခင်ဗျားမွေးနေ့

ကျွန်တော်ရှိရာကမ်းက ပျိုးထောင်မွေးကျွေးခဲ့ဖူးတယ်

ဒါပေမယ့်ခြေလှမ်းတွေက ပင်လယ်သို့ ပဲ လှမ်းခဲ့ရဲ့

(အားနာလို့တောင်)

ဟောသည်ကောင်မျက်ကန်းကြီးအခြမ်း လမ်း လို့ မှ မမှတ်တတ်ခဲ့ဘူး။

(ဒါနဲ့တောင်

လက်ဖ ၀ါး တွေ က တွေဝေငေးမောမျှော်လင့်နေတုန်း။)

 

အရူးတွေစလွယ်သိုင်းပြီးမြူးတဲ့မြို့မှာ (ခင်ဗျား)  ခြေရာခြင်းထပ်

နှလုံးသားဆူး လေး များ ငြိ လိုက်လို့ ကတော့ အရူးစာရင်းသွင်း

မင်းအဖြစ်ထားမယ့်ပုံပြင်တွေဖတ်ပြ

ဒူးထောက်ဦးငိုက် ခြင်း နဲ့ မျက်ရည်စို့ အကြည့်တွေ က ခင်ဗျား ရဲ့ အောင်လက်မှတ်

တိုင်းကူးပြည်ကူးရောင်းစားလိုက်စမ်းပါ

International  degree တွေ သိပ်ကြိုက်တယ်မဟုတ်လား။

 

လှပါတယ်အဲဒီမျက်နှာလေးက ရှုပ်ပွနေတဲ့ ဆံပင်လေးတွေနဲ့

ကပိုကယို အမူအရာတွေ

ဟိုရောက်သည်ရောက် အပြုံးတွေ

ဇောင်းထက်ထက်ဓားနှုတ်ခမ်းတို့ ရဲ့ စကားလုံးတွေ

သိသိရက်နင်းဖြတ်လျောက်နေတဲ့ အတွေးတွေ

ထုံထိပေအ သရုပ်ပိုင်တဲ့ ငိုင်တိတိ မျက်ဝန်းတွေ

 

တကယ်

 

သိပ်လှလွန်းလို့

 

သည်တခါဘ၀စာမေးပွဲမှာစာကျက်ဖို့ မလိုပဲ (ခင်ဗျား) အောင်ခဲ့တယ်

 

(လိုတာထက်ပိုနာကျင်ဝမ်းနည်းခဲ့ရတဲ့)

ကျွန်တော့်ကျရှုံးခန်းက အစစ်ထွက်လာတဲ့ အမြတ်

ဂုဏ်ထူးလို့ သတ်မှတ် မှတ်တိုင်အဖြစ်ချိတ်ဆွဲထားလိုက်

 

ခင်ဗျားဘယ်ဘ၀မှာမှ အခွန်ဆောင်ဖို့  မလိုအပ်စေရပါဘူး။

 

ပင်လယ်ကြီးကြည့်ပြီးလွမ်းတဲ့အခါမှီအိပ်လိုက်ပါ့မယ်

အနည်းဆုံးတော့

ကမ်းခြေကိုပစ်သွားတဲ့ ဂဏန်းလေးအကြောင်း

အထီးကျန်တောင်တန်းတွေကတေးအဖြစ်နဲ့သတိပေးချော့သိပ်ကြလိမ့်မယ်

(အဲသည်အခါ)

အမုန်းလို့  တရားသေသတ်မှတ် ကျုပ်  ခင်ဗျားကို သံသရာ ရပ်သွားတဲ့ထိလွမ်းမယ်။

 

                  ။ထာဝရကျောခိုင်းလိုက်စမ်းပါ။

In: ကဗျာ Posted By: Date: May 16, 2013
Comment #1

အားလားလား
အရမ်ြးေ်းေြးွောြးားပြီပသကွကြ

commentinfo By: ei lay at May 16, 2013
Comment #2

အရမ်းမိုက်တယ်

commentinfo By: ei lay at May 16, 2013
Comment #3

ရော့နှစ်ရာ ဆေးလိပ်သွားဝယ်သောက်လိုက်…..

မိုက်မြဲ မိုက်ဆဲပါ ဒေါ်ဒေါ်..

commentinfo By: 13th at May 16, 2013
Comment #4

သွားပါဗျာအချစ်ကိုမရလို့  ရမ်းနေတဲ့ ကြောင်တောင်တောင် ကလေးမလေးပါ
အဲသလိုသတ်မှတ်
အချစ်ကားတွေကြည့်ရင်ကျော်မကြည့်နဲ့
စကားဆိုတာမလိုအပ်ရင် ပါးစပ်ပေါက်ကြီးလည်း ပါလာမှာမှမဟုတ်ပဲ
…………………………………………………………………………………………
အရမ်းကောင်းတဲ့စကားလုံးတွေပဲ ….အားပေးသွားပါသှ်။

commentinfo By: နွေ at May 16, 2013
Comment #5

အရမ်းမိုက်

commentinfo By: မေပျို at May 17, 2013
Comment #6

ကာလနဂါးတွေတောင်နေရာပြောင်းရွှေ့သွားကြပြီ
ကျွန်တော့်မှာခုထိ ငိုလို့ ကောင်းတုန်း။

အားပေးသွားတယ် မိုးရေ

commentinfo By: ကေသရီ at May 17, 2013
Comment #7

ပင်လယ်ကြီးကြည့်ပြီးလွမ်းတဲ့အခါမှီအိပ်လိုက်ပါ့မယ်

အနည်းဆုံးတော့

ကမ်းခြေကိုပစ်သွားတဲ့ ဂဏန်းလေးအကြောင်း

အထီးကျန်တောင်တန်းတွေကတေးအဖြစ်နဲ့သတိပေးချော့သိပ်ကြလိမ့်မယ် … အားပေးသွားပါတယ်

commentinfo By: မာန်ခက်ဝင့် at May 18, 2013
Comment #8

အမုန်းလို့  တရားသေသတ်မှတ် ကျုပ် ခင်ဗျားကို သံသရာ ရပ်သွားတဲ့ထိလွမ်းမယ်။
………………………………………………………
သံသရာ ရပ်သွားတဲ့အထိ……
သံသရာ ရပ်သွားတဲ့အထိ……
သံသရာ ရပ်သွားတဲ့အထိ…….

commentinfo By: နွေ at May 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment