Professional Authors

နင်နဲ့ ငါ

အသက်ချင်း မတိမ်းမယိမ်းပေမယ့်
နင်နဲ့ ငါ တစိမ်းတွေပါဟာ…

နှစ်ယောက်စလုံးမှာ
သိမ်းထားတဲ့ စကားတွေရှိတယ်…
ထိန်းထားတဲ့ကြိုးတွေရှိတယ်…

အရာရာဟာ ချိန်းထားတဲ့အတိုင်းဖြစ်မလာတဲ့အခါ
မိန်းကလေးဖြစ်တဲ့ငါ…
စိမ်းကားသင့်ရင် ကားရတော့မယ်
ကိန်းခန်းကြီးတာတော့မဟုတ်ခဲ့ပါဘူး….

Although we share one name,
we can never be the same လေ…

ခံစားချက်တွေ တိမ်းမလာခင်
ဘေးကစကားတွေ ဟိန်းမလာခင်
သူငယ်ချင်းလိုပဲ ဆက်ထိန်းထားကြမယ်..

ဒါပေမယ့်…
I’ll always be there for you,
When you are in Pain!

(အရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်အတွက်ပါ….မေ့နာမည် အလယ်စာလုံးကိုပြောင်းပြန်လှန်ရင်…သူ့နာမည်ဖြစ်သွားတယ်။ သူငယ်ချင်းရယ်….နင်ပျော်ရွှင်ပါစေနော်…)

In: ကဗျာ Posted By: Date: Jul 22, 2009
Comment #1

အမ နဲ့ တူသလိုလိုပဲ ကောင်းတယ် ညီမလေးရေ
ခံစားချက်တွေတိုင်းဟာ ကဗျာလေး ဖြစ်သွားရင်တော့
ကပိုကယို လှနေကြတာပါပဲ

commentinfo By: lwanhlainge at Jul 22, 2009
Comment #2

စိုင်းစိုင်း သီချင်းလားလို့ ၀င်ကြည့်မိတာ 😛
ကောင်းတယ် ဆက်ရေး လေသွေးကြွယ်တဲ့မေလေးငယ်

commentinfo By: LoRdiE at Jul 27, 2009
Comment #3

pls let me share on my facebook… ok?

commentinfo By: fairy at Jul 30, 2010
Comment #4

I’ll always be there for you,
When you are in Pain!

commentinfo By: ခင်ဘုန်းနေ at Mar 15, 2011
Comment #5

I’ll always be there for you,
When you are in Pain!

commentinfo By: meso at Nov 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment