ဘကုန်းနဲ့ဝလုံးကြားက လရေးနှစ်ချောင်ငင်လေး
ငါ….သစ္စာစူးလို့ ရူးဘူးတယ်
ဦးနှောက်ဗလာကြီးနဲ့ ဘ၀ဆိုတဲ့ကျောင်းထဲလျှောက်သွား……
ခါးခါးသီးသီးအရောင်တွေဝိုင်းဆိုးကြတယ် ….
ပန်းချီမဟုတ်ပါဘူးလို့အသည်းအသန်ငြင်းနေပေမယ့်
ငါ့ကိုယ်မှာ အခု ဆေးချက်ကြမ်းကြမ်းတွေပေလို့ အရောင်ကိုစုံရော..အဟား…ဘာတတ်နိုင်သေးလို့လဲ..?
ဘ၀လား….ခဏပါဟာ…
တခါတခါ…ဒဏ်ရာဆိုတာ ငါဘာလို့နာမည်တပ်ဖို့ခက်….ခဲ..
တလွဲတွေပါပဲဟာ…
တခါတခါ သေသွားပြီလို့ကိုယ့်ကိုကိုယ်ပြောပြောနေတတ်တဲ့ ချစ်သူတစ်ယောက်ရှိတယ်
နောက် ငါ့နောက်ကျောကို ဒါးတစ်ချောင်းနဲ့ ပွတ်သပ်ချော့မြူတတ်တဲ့
မိတ်ဆွေကောင်းတွေလည်းရှိပါရဲ့
ခမ်းခမ်းနားနား ပြိုကျသွားတဲ့ အတိတ်တွေမှာ….
လူမသိသူမသိရောင်းစားခံရတဲ့အိပ်မက်တွေရှိတယ်
တခါတလေ…..မျှော်လင့်ချက်တွေ ကို ညီမျှခြင်းချလို့
ဘ၀ဆိုတာ လူသားတွေအတွက် ကိန်းဂဏန်းတွေနဲ့အချိုးချလာတယ်
ငါ…..လူပါပဲဟာ…
ဘာသာ….သာသနာ…အသွေးအရောင်နဲ့အရာရာ ကွဲပြားရင်တောင်..မှ
လူပါပဲ…ဟာ..
တချို့တွေကတော့ ဇရာတွေကပ်နေတာတောင်မှ တဏှာတွေထပ်လို့
ကျောခြင်းကပ်နေဖူးတဲ့လက်တစ်ဘက်က နောက်ကွယ်မှာ ကြိုးတစ်ချောင်းကို ငါ့လည်ပင်းစွပ်နေတတ်သတဲ့
ဘယ်သူရှိမလဲ…
ငါ့ရင်ဘတ်ထဲငါ့လက်နဲ့ငါသာ ……
အသာအယာနွေးထွေးအောင် ချော့သိပ်ခဲ့တာထက်……….
ဘယ်သူသိမလဲ …………….
လူမသိသူမသိေ၇ာင်းစားလိုက်တဲ့ အိပ်ယာနဲ့ ဘ၀ဆိုတာ
အသာအယာ အချိုးကျနေကြသတဲ့….
ဘ၀….အဲ့ဒါ ဘ၀တဲ့လား…
ရိုးသားလွန်းရင်
မျှော်လင့်ချက်တွေဖွေးလို့ ငါ့ အိပ်မက်တွေပါးသွားတတ်တာ
အော်….ဘဂုံးနဲ့ ၀လုံးကြားက ငါတို့ဆိုတာ လရေးနှစ်ချောင်းငင်တွေပါ
နင်သိလား ကဗျာ..တခါတုန်းက…ငါဆိုတာ
ကိုယ့်သစ္စာကိုယ်စူးလို့ အဲ့လိုမျိုးတွေရူးဖူးတယ်…….
Comment #5
ကျွန်တော်လဲလုပ်တယ်ဗျ……အင်းဟာ
By: moehtetaung18 at Dec 13, 2010
Comment #8
ဒါလေးလဲကောင်းတယ်.. {ငါ့နောက်ကျောကို ဓားတစ်ချောင်းနဲ့ ပွတ်သပ်ချော့မြူတတ်တဲ့
မိတ်ဆွေကောင်းတွေလည်းရှိပါရဲ့} ဒါလဲမှန်တယ်… ဟားဟား .. 😀
By: ရွှေငါး at Dec 14, 2010
Comment #9
ကျေးဇူးပါ မကြီးရွှေငါး…..နှင့်တကွ အစ်ကိုတော် လိပ်ပြာနောက် Mikyaeအစ်ကိုတော် မိုးထက်
🙂
By: tharthar at Dec 14, 2010
Comment #11
အမလေး ငါ့မောင်လေးစကားလုံးတွေကလည်းပျံလန်နေတာဘဲနော် ။ ငါတောင်လိုက်မမှီတော့ပါလား……
By: နွေးနွေး at Dec 14, 2010
Comment #12
ပန်းချီမဟုတ်ပါဘူးလို့အသည်းအသန်ငြင်းနေပေမယ့်
ငါ့ကိုယ်မှာ အခု ဆေးချက်ကြမ်းကြမ်းတွေပေလို့ အရောင်ကိုစုံရော..
ရေဆေးလား ဆီဆေးလားဟင် … နဲနဲလောက်မျှပါ
ကျောင်းမှ ဆွဲဖို့ ဆေး ကုန်နေလို့
😛
By: ယုစံ at Dec 15, 2010
Comment #13
ကဗျာလေး သိပ်ကောင်းပါတယ် သားသားရေ.. အကို မင်း ကဗျာလေးကို ကြိုက်ပါတယ်..။
By: linhtike at Dec 15, 2010
Comment #14
ကျေးဇူးပါ မကြီးရေ နွေးနွေး
အစ်ကိုတော် နှောင်းလူ
အရမ်းချစ်ဖို့ကောင်းတဲ့ ညီမတော်လေး ယုစံ
ကျတော့ ကိုအားပေးတဲ့ အစ်ကိုလင်းထိုက်
နောက်အရမ်း ချစ်ဖို့ကောင်းတဲ့ ကိုဇာတိကြီး..
ညီအစ်ကို မောင်နှမတွေ အားလုံး အားလုံး ကျေးဇူးပါ
🙂
By: သားသား at Dec 18, 2010
Comment #15
ကျေးဇူးပါ မကြီးရေ နွေးနွေး
အစ်ကိုတော် နှောင်းလူကျေးဇူး
အရမ်းချစ်ဖို့ကောင်းတဲ့ ညီမတော်လေး ယုစံ
ကျတော့ကို အားပေးတဲ့ အစ်ကိုလင်းထိုက်
နောက်အရမ်း ချစ်ဖို့ကောင်းတဲ့ ကိုဇာတိကြီး..
ညီအစ်ကို မောင်နှမတွေ အားလုံး အားလုံး ကျေးဇူးပါ
🙂
By: သားသား at Dec 18, 2010
Comment #16
“ဘ၀လား….ခဏပါဟာ…
တခါတခါ…ဒဏ်ရာဆိုတာ ငါဘာလို့နာမည်တပ်ဖို့ခက်….ခဲ..” “နင်သိလား ကဗျာ..တခါတုန်းက…ငါဆိုတာ
ကိုယ့်သစ္စာကိုယ်စူးလို့ အဲ့လိုမျိုးတွေရူးဖူးတယ်…….” i like the whole poem n…these are the most that i memorize it….:)
By: Yone Bite Puu at May 23, 2013




Comment #1
အရမ်းကောင်းတဲ့ကဗျာ လေးပါ ….
တခါတခါ သေသွားပြီလို့ကိုယ့်ကိုကိုယ်ပြောပြောနေတတ်တဲ့ ချစ်သူတစ်ယောက်ရှိတယ်
နောက် ငါ့နောက်ကျောကို ဒါးတစ်ချောင်းနဲ့ ပွတ်သပ်ချော့မြူတတ်တဲ့
မိတ်ဆွေကောင်းတွေလည်းရှိပါရဲ့
ဒီတစ်ပိုဒ်ကို အရမ်းကြိုက်ပါတယ် ……
သားသားကို အမြဲအားပေးနေပါတယ်
ဆက်ရေး ပါနော်……….
စိုး………………