Professional Authors

ဘဝ

ဘ၀ဆိုတာ တိုက်ပွဲတဲ့
လောဘတွေအတွက်
ဒေါသတွေဆွဲ
မောဟတွေနဲ့ တိုက်နေရတယ် ။

ဘ၀ဆိုတာ ရုန်းကန်ခြင်းတဲ့
ဖြစ်ချင်တာတွေမေ့ထား
ဖြစ်သင့်တာတွေနဲ့
လှုပ်ရှားနေရတယ် ။

ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်တဲ့
ကံဇာတ်ဆရာအတွက်
ဇာတ်ကွက်လှအောင်
အငိုတွေဖုံး
အပြုံးတွေနဲ့ ဟန်လုပ်
သရုပ်ပါအောင် ကပြနေရတယ် ။

ဘ၀ဆိုတာ
ဘ၀ဆိုတာ
ဘ၀ဆိုတာ
……………
………….
…………..
ဆိုလိုရင်းတွေကိုဖွင့်
လိုရင်းရောက်အောင်တော့
ဆက်လျှောက်နေရတော့တာပါဘဲ ။           ။

In: ကဗျာ Posted By: Date: Mar 8, 2011
Comment #1

ဆိုလိုရင်းတွေကိုဖွင့်
လိုရင်းရောက်အောင်တော့
ဆက်လျှောက်နေရတော့တာပါဘ
အားပေးသွားပါတယ်..

commentinfo By: genius.jinx28 at Mar 8, 2011
Comment #2

ဘ၀ဆိုတာ တိုက်ပွဲတဲ့
လောဘတွေအတွက်
ဒေါသတွေဆွဲ
မောဟတွေနဲ့ တိုက်နေရတယ် ။

ဘ၀ဆိုတာ ရုန်းကန်ခြင်းတဲ့
ဖြစ်ချင်တာတွေမေ့ထား
ဖြစ်သင့်တာတွေနဲ့
လှုပ်ရှားနေရတယ် ။ 🙂 🙁
ကောင်းတယ်ဗျာ….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #3

ဘဝဆိုတာတကယ်ကိုတိုက်ပွဲတစ်ခုပါ … အပြိုင်ရင်ဆိုင်နှိုင်မှတော်ကာကျတာ …

commentinfo By: chityellusoelay at Aug 20, 2011
Comment #4

100% right

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment