“၀လုံး”
ကျတော် “၀လုံး” ပါ…….
တချို့ကတော့ ဘောလုံးမှတ်လို့ ခြေထောက်တပြင်ပြင်နဲ့….
မဟုတ်ရပါဘူး…ကျတော် “၀လုံး”ပါဗျာ…..။
တချို့ကတော့ “ကတုံး”တဲ့……
သူတို့ဘာသာသတ်မှတ် … ခပ်ပြုံးပြုံးလုပ်လို့….ခေါင်းတောင် ပုတ်သွားသေးတယ်…..။
လမ်းမှာတွေ့တဲ့ ကိန်းဂဏန်းတချို့ကတော့ ….”သုည”တဲ့….
သူတို့နောက်နားအတင်းဆွဲကပ်လို့..တခါတလေလည်း …ဟားတိုက်ရီနေကြသေးတယ်…..။
တချို့တွေလက်ညှိုးထိုး…တချို့လည်း ကျိုးကျိုးနွံနွံနဲ့
“ဒါကမ္ဘာ့မြေပုံလေ”တဲ့ … ကြားတစ်ချက် … မကြားတစ်ချက်
ဘာတဲ့… “ဒါဝင် နဲ့ ကိုလံဘတ်စ်”ဆိုလား….
ကျတော် နားမလည်တဲ့ ဘာသာစကားမို့ နားပိတ်ပြီးအိပ်လိုက်တယ်…..။
တကယ်တော့ ကျတော်က ရိုးရိုးသာမန် “၀လုံး”လေးပါ…
တခါတခါ အိပ်ယာနိုးတော့လည်း လူတွေစုရုံးစုရုံးကြား ကျတော် “ဘောလုံး” ပြန်ဖြစ်သွားတယ်….။
ဟုတ်ကဲ့…..ကျတ်ာကတော့ ခုထိ “၀လုံး”လို့ယုံဆဲပါ…။
လူများရာ အမှန်တရားဆိုပြီး တခါတခါလည်း ကျတော့ကို လိုသလို နာမည်တွေပြောင်းပြောင်းသုံးလို့…..
..
ဟုတ်ကဲ့ ကျတော်ကတော့ “၀လုံး”ဖြစ်နေဆဲ..ကျတော် “၀လုံး”ပါ…..။
Comment #2
ကောင်းတယ်…ဗျာ…
ကျတော်က ရိုးရိုးသာမန် “၀လုံး”လေးပါ…
By: genius.jinx28 at Mar 20, 2011
Comment #4
a yan mike de.
a tway a khaw yaw,a yae a tar yaw,tin sar phwe nwe pone yaw a kone kyike de
By: ei lay at Nov 8, 2011
Comment #5
read again..
like so much
By: ei lay at May 13, 2012




Comment #1
တကယ်တော့ ကျတော်က ရိုးရိုးသာမန် “၀လုံး”လေးပါ…
ကြိုက်တယ်နော် အဲနေရာလေးကို ပဲ