Professional Authors

ငါမသိတဲ့ သိခြင်းများ……

ငါမသိတဲ့  သိခြင်းတွေက အရိပ်လို့  နောက်ကလိုက်လို့ 
ယုံကြည်မှုတခုအတွက်နဲ့  ခရီးဆက်နေကြတဲ့ သူတွေ
စစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ

ငတ်တလှည့် ပျက်တလှည့်   ခိုကိုးရာမဲ့သူတွေ
ဘာသာရေး ကွဲလွဲမှု အယူအဆတွေ
စွန်ပစ်ခံ လူတန်းစားများ မိဘမဲ့များနဲ့ 
နာကျင် ငိုငြိင်္းနေကြသူများ …..
ကမ္ဘာရွာကြီးထဲမှာ နိစ္စဓူဝ အဖြစ်အပျက်တွေ
အတ္တခြင်းယှဉ်၍ နေရာလုနေကြသူများ
မာသာထရီဇာရဲ့  ကြီးမားတဲ့ လူသားချင်းစာနာမှု
 ဂန္ဒီရဲ့ လွတ်လပ်ခြင်း  အမှန်တရားများ
 စာအုပ်ထဲက သမိုင်းဖြစ်စဉ်များ
 ငါမသိတဲ့  သိခြင်းများ
………
…………………………….
……………………………
…………………………..
ငါကရော ဘယ်မှာလည်း
သင်ရော ဘယ်မှာလည်း
ဒို့ အားလုံး လွတ်လပ်ခြင်းက …..

In: ကဗျာ Posted By: Date: Dec 10, 2010
Comment #1

အကိုကြီး နည်းနည်း လျှော.။
ငြိကုန်မယ်…….

commentinfo By: little bird at Dec 10, 2010
Comment #2

ဟုတ်ကဲ့ ကျေးဇူးပါ

commentinfo By: နှောင်းလူ at Dec 10, 2010
Comment #3

ဒို့ အားလုံး လွတ်လပ်ခြင်းက …..
သူငယ်ချင်း နှောင်းလူ
ဘာလဲဟင် ဘာလဲဟင် ————-???
🙂

Comment #4

လွတ်လပ်မှုကို လို့ လားတဲ့ သူတွေ အများကြီးရဲ့ ရင်ထဲမှာ ရှိပါတယ် ..။
ကျနော် သိတက်သလောက်နဲ့  ကျနော် ပရိတ်သတ်ကို အမြင်တွေရစေချင်တယ် အတွေးအခေါ်တွေ ရစေချင်တယ်
ပိတ်မှောင်နေတဲ့ တံခါးတွေ ပွင့်ချိန်တန်ပြီထင်ပါတယ်..။
ဒီလောက်ပါပဲ မှန်းဆနိုင်မယ်ထင်ပါတယ် .။
ကျေးဇူးတင်ပါတယ်နော် အားလုံးကို … 🙂

commentinfo By: နှောင်းလူ at Dec 10, 2010
Comment #5

ငါမသိတဲ့  သိခြင်းတွေက အရိပ်လို့  နောက်ကလိုက်လို့ 
ယုံကြည်မှုတခုအတွက်နဲ့  ခရီးဆက်နေကြတဲ့ သူတွေ

commentinfo By: moehtetaung18 at Dec 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment