Professional Authors

မှောင်မှောင်မဲမဲကမ္ဘာ

နေ့ဝင်စားနီယွန်ညတွေ ဘာသာတရားသစ်နဲ့
လူဖြစ်ရခြင်းကို ခိုးယူပေါင်းသင်းနေတယ်
ရယ်ဒီမိတ်ငြိမ်းချမ်းရေးကို လုံလုံခြုံခြုံ ၀တ်ဆင်ရမယ့်အစား
မရှိသေးတဲ့စစ်ပွဲတွေကို တံဆိပ်သစ်တပ် ဈေးကွက်တင်သွင်းချင်ကြတယ်
ဂုဏ်သိက္ခာအရ ခွက်ထဲငှဲ့ထားတဲ့အရက်တွေလို
ကိုယ့်ကိုယ်ကို လူကြီးလူကောင်းထင်နေခြင်းတွေ
တစ်စက်ချင်း ယိမ်းထိုးေ၀၀ါး
လူသားအားလုံး သက်သေပြဖို့ကြိုးစားလာတဲ့ညီမျှခြင်းဟာ
အမှောင်ကို အမှောင်ချမယ့် အမှောင်ကျခြင်း
လူသားချင်းစာနာမှုထက် ဘယ်အရာပိုလင်းသလဲဟောဒီကမ္ဘာမှာ
မီးပါးစပ်ထဲ ရေတစ်စက် ကြဲပက်သလို
ခုတ်လှဲထားတဲ့ သမ္မာအာဇီဝတွေနေရာမှာ
မဖြစ်စလောက်စုပ်သတ်သံတွေ အစားထိုးလည်ပတ်နေတဲ့ယန္တရား
တရစပ်ပစ်ခတ်နေတဲ့မေးခွန်းတွေ
ငါတို့ရင်အုံကို ဖောက်ထွက်သွားတော့မယ့်စွဲချက်တွေနဲ့
နောက်ဆုံးစီရင်ချက်ကို အယူခံဝင်ခွင့်မရှိတော့တဲ့ကမ္ဘာကြီး

                                                                            ကိုသျှား

In: ကဗျာ Posted By: Date: Nov 29, 2011
Comment #1

နေ့ဝင်စားနီယွန်ညတွေ ဘာသာတရားသစ်နဲ့
လူဖြစ်ရခြင်းကို ခိုးယူပေါင်းသင်းနေတယ်
ရယ်ဒီမိတ်ငြိမ်းချမ်းရေးကို လုံလုံခြုံခြုံ ၀တ်ဆင်ရမယ့်အစား
မရှိသေးတဲ့စစ်ပွဲတွေကို တံဆိပ်သစ်တပ် ဈေးကွက်တင်သွင်းချင်ကြတယ်
ကြိုက်တယ် စားသားတွေ

Leave Comments

Name*

Email*
Website
Email me whenever there is new comment