Professional Authors

ငါတို့ ခေတ်

လူအချင်းချင်း
မီးစထက်ပြင်းတဲ့ ထိုးနှက်မှုတွေ
အချစ်ကို အရောင်းအဝယ်တစ်ခုလို
ရောင်းစားနေကြသူတွေ
ဝယ်စားနေကြသူတွေ
ကြိုက်ဈေးခေါ်နေတဲ့ စာရိတ္တတွေ
မေတ္တာမဲ့တဲ့ နှလုံးသားတွေ
ဘယ်သူသေသေ
ငတေမှာရင်ပြီးရောဆိုတဲ့
လူသားတွေ..

လူအချင်းချင်း
တစ်ယောက်ရဲ့အတ္တအတွက်
တစ်ခြားတစ်ယောက်ရဲ့
မျှော်လင့်ချက်တွေကို ရိုက်ချိုး
ယုံကြည့်ချက်တွေကို လိမ်လည်
အသွေးအသားတွေကို ဝါးမြို
အရိုးတွေကို မီးလှုံနေကြ….

ကမ္ဘာကြီးရဲ့သစ္စာတရားနဲ့ 
ပျောက်ဆုံးနေတဲ့ လောကပါလ
ပင်လယ်ပြင်ထဲ အပ်ပျောက်ရှာသလို
ဘယ်မှာမှရလို့ မရတော့ပါလား..
လူအချင်းချင်း
အတ္တမျက်မှန်တွေတပ်
မောဟ အမှောင်တိုက်ထဲတိုးဝင်…

ငါတို့ ခေတ်မှာ..
လူသားတွေ..
လူသားချင်းစာနာတတ်တဲ့
မျက်နှာတွေ ပျောက်ဆုံးနေကြပြီ…

In: ကဗျာ Posted By: Date: May 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment