Professional Authors

ပုရိသမျက်ရည်ကျတဲ့မနက်

  မနက်တစ်ခုပါဘဲ ဒါပေမယ့် ရက်အတုတွေနဲ့ပြည့်နေတယ်
  မြူဆိုင်းနေတာလား ငါ့မျက်လုံးတွေဝေနေတာလား
  နှစ်ခုလုံးဖြစ်ဖို့များတယ်……….
  ပုရိသမျက်ရည်ဆိုတာ နင်ကြည်နူးဖို့ ပြဇာတ်ခင်းနေတာမဟုတ်ဘူး
  ဒါပေမယ့်လည်း ငါဆိုတဲ့ကောင်က နင်ရှေ့ကျမှ
  အလိုလို မျက်ရည်လွယ်တဲ့ကောင်ကိုဖြစ်လို့
  ဟုတ်တယ် ဒီမနက် ဒီမနက်ပါပဲ..
  မြူနှင်းငိုသံတွေကြားရတဲ့မနက်
  အယူခံဝင်တာလား အသနားခံတာလား မသိပေမယ့်
  သေချာတာတော့ ငါရှုံးနေပြီချစ်သူ…
  ပြန်မှာလား သေသေချာချာပြောနော်
  တသက်လုံးနင်ခွင့်လွှတ်နိုင်အောင် မေတ္တာလက်ဆောင်တစ်ခုပေးခဲ့ချင်လို့…
  ဟုတ်တယ် ဒီမနက် ဒီမနက်ပါပဲ
  နှင်းဝေတာလား မိုးစွေတာလားမသိပေမယ့်
  နင်ချမ်းနေလားချစ်သူ…
  အရင်လိုငါ့ရင်ခွင်ကဘဲ နွေးမနေတော့တာလား
  ရာသီဥတုကဘဲ အေးလွန်းနေတာလား
  ဘာဖြစ်ဖြစ်ပါ နင်စိတ်ချမ်းသာဖို့
  ငါမပိုင်တဲ့ ဒီမနက်ကို
      ပုရိသမျက်ရည်နဲ့ လဲခဲ့တယ်…………………….

In: ကဗျာ Posted By: Date: Dec 9, 2010
Comment #1

အားကျပါဘိ ဗျာ… ကောင်းလို့ ကြိုက်ပါ၏။ ကိုမုဆိုးရေ ….

Comment #2

လွမ်းစရာပဲဗျာ။ ၇င်မှာဒဏ်ရာတွေနဲ့……..

commentinfo By: moezat at Dec 10, 2010
Comment #3

Thank alllllllll 🙂

commentinfo By: မုဆိုး at Dec 10, 2010
Comment #4

ဟုတ်တယ် ဒီမနက် ဒီမနက်ပါပဲ
နှင်းဝေတာလား မိုးစွေတာလားမသိပေမယ့်
နင်ချမ်းနေလားချစ်သူ…
အရင်လိုငါ့ရင်ခွင်ကဘဲ နွေးမနေတော့တာလား
ရာသီဥတုကဘဲ အေးလွန်းနေတာလား
ဘာဖြစ်ဖြစ်ပါ နင်စိတ်ချမ်းသာဖို့
ငါမပိုင်တဲ့ ဒီမနက်ကို
ပုရိသမျက်ရည်နဲ့ လဲခဲ့တယ်…………………….
…….
တကယ်ခံစားလိုက်ရတယ်…

commentinfo By: အသဲကွဲမိုး at Jan 31, 2011
Comment #5

အရမ်းကောင်းတဲ့ ကဗျာလေးဗျာ…..

commentinfo By: မိုးတိမ် at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment