Professional Authors

သစ်ပင်က …… မျက်ရည်ကျတတ်ပါသလားး? ? ?

သစ်ပင်ကြီးအောက်ထိုင်ချလိုက်တယ်…
ကောင်လေးတစ်ယောက်……………

သစ်ပင်ကြီးက ကြွေချလိုက်တဲ့….သစ်ရွက်လေး
ဝဲပြီးကျလာတယ်……တစ်ခါတုန်းကတော့..ဒီလိုဖြစ်ခဲ့ဖူးလေရဲ့

ကောင်လေးဆီက ကြွေကျလာတာက….မျက်ရည်
ဟုတ်တယ် မျက်ရည်တစ်စက်…..

မျက်ရည်နောက်က မျက်ဝန်း…….
သူ့ ထဲမှာက ပုံရိပ်……ချစ်သူ့ ပုံရိပ်

ပုံရိပ်ထဲက……လက်ခနဲတစ်ချက်….လက်ဝါး
သေချာတယ်..ပါးထက် ရင်ထဲက ပိုနာတယ်

ပါးပြင်ထက်က…..ခံစားမှု ..ဒါက….အရှုံး
ပြီးတော့ ညွှန့် ကျလာတာက..ဒူး..
ဘာလို့ သူမရှေ့မှ……………ဟာကွာာာ……………

ဒူးထောက်တဲ့အချိန်…စီကနဲ…ကြားတာက…လက်ခုတ်သံ
သေချာတယ်…သူတို့ အားပေးတယ်
ဒါက ပြဇာတ်…..ကောင်လေးက..ဗီလိန်….

ကျလာပါတော့…လိုက်ကာကြီးရယ်
….
….
….
မျက်၇ည်တစ်စက်ကျတိုင်း ခြေကတစ်လှမ်းလှမ်းတယ်..
နူးညံ့တဲ့ နုတ်ခမ်းတွေကို ဖိကြိတ်ထားတာက
မာကျောပါတယ်ဆိုတဲ့ သွား……..
ဒါဆို ကောင်လေး ကနုတ်ခမ်းပေါ့…….
ဟုတ်တယ်..ချစ်သူကပေးတဲ့ဒဏ်ရာနဲ့ နုတ်ခမ်း
ပြီးတော့ သစ်ပင်ကြီးအောက်ထိုင်ချလိုက်တယ်
အဲဒီအချိန်….သစ်ရွက်လေးတစ်ရွက် ကောင်လေးရှေ့ကြွေကျလာတယ်
ဒါဆို  အဲဒီသစ်ရွက်လေး..က…သစ်ပင်ကြီးရဲ့…………………………။

In: ကဗျာ Posted By: Date: Feb 8, 2013
Comment #1

ဒူးထောက်တဲ့အချိန်…စီကနဲ…ကြားတာက…လက်ခုတ်သံ
သေချာတယ်…သူတို့ အားပေးတယ်
ဒါက ပြဇာတ်…..ကောင်လေးက..ဗီလိန်….

ကျလာပါတော့…လိုက်ကာကြီးရယ် …..

commentinfo By: နိုးဆက် နေ့ at Feb 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment