Professional Authors

ငါ…….ချစ်တတ်ခဲ့ပါတယ်…………

ငါ…………ချစ်တတ်ခဲ့ပါတယ်….
နင့်အပြုံးက ငါ့ဘ၀ နင့်ဆီမှာရှိတဲ့ အယုအယတွေနဲ့
နင့်အလိုကိုလိုက်  အပျော်တွေ တပွေ့တပိုက်နဲ့ပေါ့ဟာ……….။

ငါ…………ချစ်တတ်ခဲ့ပါတယ်….
နင့်အချစ်ကိုမှ လိုချင်တပ်မက်
မမှန်းသင့်တဲ့ ဒီရပ်ဝန်းထဲ …..နင့်မျက်ဝန်းကို ခုံမင်မိလို့
တွဲလက်တွေ မြဲနေအောင်
 နားလည်မှုတွေ ငါ့အရှုံးတွေ စတေးခဲ့သူပေါ့ဟာ………။

ငါ…………ချစ်တတ်ခဲ့ပါတယ်…….။
နင်ဖန်ဆင်းပေးတဲ့ သံယောဇဉ်တွေနဲ့
ငါ့မနက်ဖြန်တွေကို ငါရစ်ပတ်
ငါကိုယ်တိုင်ရုန်းမထွက်ရက်ဘဲ
နင့်ကိုပဲ ရည်ရွယ်….အနာဂတ်အတွက် ကျေနပ်နေခဲ့တာပါဟာ…..။

နောက်ဆုံး……….ငါ…………ချစ်တတ်ခဲ့ပါတယ်…….။
မနီးစပ်နိုင်တဲ့ ဘ၀နှစ်ခုအတွက်
ဖြစ်သင့်မှုကိုအကြောင်းပြ
နင့်ဘ၀အတွက်…..
ငါ့ခံစားချက်ကို မြေချနင်း ……….
……….နင့်အနားက အပြီးထွက်ခွာ
နင့်ရဲ့အဝေးမှာ …..
ငါ ချစ်တတ်ခဲ့ပါတယ်ဟာ…………….။        ။

In: ကဗျာ Posted By: Date: Dec 9, 2010
Comment #1

ကောင်းပါတယ်
စာလုံးပေါင်းလေး ပြင်လိုက်ပါလား perfect ဖြစ်သွားအောင်
ချစ်တတ် တာပါ မကေသရီရယ်

Comment #2

ကေ ပြန်ပြင်လိုက်ပြီ နော်butterfly ရေ
ကျေးဇူးပါ…..။စာလုံးပေါင်းပြင်ပေးတဲ့အတွက်ရော……ကဗျာဖတ်ပေးတဲ့အတွက်ပါ….။

commentinfo By: ကေသရီ at Dec 9, 2010
Comment #3

နောက်ဆုံး……….ငါ…………ချစ်တတ်ခဲ့ပါတယ်…….။
မနီးစပ်နိုင်တဲ့ ဘ၀နှစ်ခုအတွက်
ဖြစ်သင့်မှုကိုအကြောင်းပြ
နင့်ဘ၀အတွက်…..
ငါ့ခံစားချက်ကို မြေချနင်း ……….
……….နင့်အနားက အပြီးထွက်ခွာ
နင့်ရဲ့အဝေးမှာ …..
ငါ ချစ်တတ်ခဲ့ပါတယ်ဟာ…………….။ ။

အားပေးနေပါတယ်ဗျာ…….

commentinfo By: moehtetaung18 at Dec 9, 2010
Comment #4

တို့လဲချစ်တက်ခဲ့ပါတယ်…အင်း….အဲဒါပေမဲ့သူကတော့မသိဘူးလေ.. ပြောပြခွင့်လဲမရှိတော့ဘူးနဲ့တူပါတယ်.

commentinfo By: မေ at Dec 9, 2010
Comment #5

အမလေး ချစ်တတ်လွန်းလို့ တကယ်ကို ခံစားနေရတာပါလား……………… ကေ …..
အဟင့်

commentinfo By: ZinZinn at Dec 20, 2010
Comment #6

နင့်ဘ၀အတွက်…..
ငါ့ခံစားချက်ကို မြေချနင်း ……….
……….နင့်အနားက အပြီးထွက်ခွာ
နင့်ရဲ့အဝေးမှာ …..
ငါ ချစ်တတ်ခဲ့ပါတယ်ဟာ…………….။

ကောင်း တယ် အမ ၇ာ…. အမ ကဗျာလေးတွေဖတ်၇တာ ခံစားချက်တွေကြီးပဲနော်….

commentinfo By: genius.jinx28 at Dec 20, 2010
Comment #7

Super like.
So touching

commentinfo By: ei lay at Jul 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment