Professional Authors

အဝေးသင်နတ်သမီး

ငါလွမ်းနေတုန်းဘဲကွယ်
မင်းနဲ့ဆုံခဲ့တဲ့
ကျောင်းတော်ရယ်
အဖြစ်အပျက်လေးရယ်
မင်းရဲ့ဆံနွယ်လေးရယ်
ရယ်သံလေးရယ်
ရင်ထဲအရောက်ဆုံး..
မင်းရဲ့ မျက်ဝန်းတစ်စုံရယ်ပေါ့။

မချစ်တတ်သေးတဲ့ငါ့နှလုံးသား
မင်း…..
ချစ်တတ်အောင်သင်ပေးလိုက်တဲ့
နေ့ကစပြီး
ငါဟာ….
ချစ်တတ်ခဲ့ ပြီ
လွမ်းတတ်လာခဲ့ ပြီ
ကဗျာတွေစသီခဲ့ပြီ မေ။

လက်ချာစာသင်ချိန်
မင်းလှုပ်ရှားဟန်တွေ
ငါကြည့်နေခဲ့တာ
မင်းမသိခဲ့ပါလေ။

ကျောင်းတတ်ကျောင်းဆင်း
ဖယ်ရီကွင်းတွေမှာ
ထိုင်တတ်လာခဲ့တယ်
မျှော်တတ်လာခဲ့တယ်
ချစ်သူရယ်…
နေ့စဉ်နဲ့အမျှပေါ့။

အဝေးသင်ကျောင်းသားဘဝမှာ
အဝေးကနေစချစ်တတ်ခဲ့တယ်
အဝေးကနေရင်ခုန်နေခဲ့တယ်
အဝေးကနေဘဲ ရင်ဖွင့်ခဲ့တယ်
ဒါပေမယ့် …အဲဒီအချိန်
သူ့ချစ်သူကလည်း အဝေးမှာတဲ့လေ။

သွားပြီလေ..
ကွဲကြေခဲ့တဲ့ ငါ့နှလုံးသား
ဒဏ်ရာနက်နက်ရခဲ့ပြီ
အိမ်မက်တွေလည်း ပျက်သုန်း
ငါ့ရင်ထဲက မုန်းတိုင်းတွေလည်း
ငိုခဲ့ရပြီလေ
အပြစ်မတင်ပါဘူး
အဝေးသင်နတ်သမီးရယ်
ငါစချစ်ခဲ့တဲ့ အတိုင်း
အဝေးတစ်နေရာမှာ
ငါအမြဲရှိပြီး ချစ်နေမှာ။ ။

In: ကဗျာ Posted By: Date: Nov 26, 2010
Comment #1

အင်း..သူကအဝေးသင်နတ်သမီးဆိုတော့..ခင်ဗျားက အဝေးသင်နတ်သားလေးပေါ့ဗျာ…

commentinfo By: မိုးလူ at Nov 26, 2010
Comment #2

အဝေးသင်နတ်သားမဟုတ်ခဲပါဘူးအကိုရာ

commentinfo By: ကေအက်(စ်)အို at Nov 27, 2010
Comment #3

အဝေးသင် နတ်ဘုရားမလေးနဲ့  အဝေးသင် မှင်စာလေးဆိုရင်ရောဗျ
😛

commentinfo By: ကိုဇင် at Nov 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment