Professional Authors

“မ” ကြောင့်ချစ်တတ်ခဲ့ပြီ

သံယောဇဉ်ဆိုတာ  မစားကောင်းတဲ့
သစ်သီးတစ်လုံးမှန်း သိလျက်နဲ့
ကျွန်တော်က မြိန်ရှက်စွာစားသုံးမိခဲ့ပေါ့
“မ” ရယ်……………..။     ။

အလွမ်းကြောင့် ထတောက်ခဲ့တဲ့
မီးတောက်ကြီးထဲ ကျွန်တော့်တစ်ကိုယ်လုံး
ပြာကျတော့မယ်ထင်ပါရဲ့။
ကျွန်တော်ဟာ “မ” နဲ့မတွေ့ခင် ၁၇နှစ်လုံးလုံး
ခံစားချက်မဲ့တဲ့ ရင်ဗလာနဲ့
အိပ်မောကျနေခဲ့တယ်……..။     ။

ကျင့်သားမရသေးတံ့  ဒီရင်မှာ
ရင်ခုန်သံတွေ ကဆုန်ပေါက်လို့
ကျွန်တော်  အိမ်မက်ကနေ
လန့်ဖျပ်ပြီး နိုးထလာခဲ့တယ်……………..။     ။

ပျင်းရိငြီးငွေ့ဖွယ်  ကျွန်တော့်ကမ္ဘာဟာ
အမှတ်တမဲ့ “မ” ရောက်ရှိခဲ့တဲ့
၂၀၁၀ခုနှစ် စက်တင်ဘာကစလို့
စိမ်းလန်းလာတော့မယ်ထင်ပါရဲ့
“မ”   ရယ်……….။     ။

အိပ်မက်တောင် ထည့်မမက်ဖူးခဲ့တဲ့
အချစ်ဆိုတဲ့ ကာရန်ညီညီကဗျာတစ်ပုဒ်ကို
“မ” နဲ့ကျမှ နှလုံးသားနဲ့ရင်းပြီး
ဖတ်ရှုတတ်လာတယ်……..။    ။

အထပ်ထပ် ကာရံပိတ်လှောင်ထားတဲ့
နှလုံးသားရပ်ဝန်းက အိမ်ငယ်လေးဆီ
လေပြည်နဲ့ အလားသဏ္ဌာန်တူတဲ့
“မ” ရဲ့ပုံရိပ်တချို့
နေ့တိုင်းတံခါး     လာလာခေါက်တယ်……………….။        ။

မာကျောလွန်းတယ်လို့
အထင်ရှိခဲ့ဖူးခဲ့တဲ့  အသည်းနှလုံး
“မ”  ဆိုတဲ့မြစ်လက်တက် ကျဉ်းကျဉ်းလေးထဲ
အလွယ်တကူ စီးဆင်းခဲ့ပြီပေါ့။
ကျွန်တော်ဟာ “မ” နဲ့ကျမှ မာနတွေခ၀ါချပြီး
သိက္ခာကို သတ္တိရှိရှိ
မြောင်းထဲလွှင့်  ပစ်ရဲခဲ့တယ်……………။    ။

အလွမ်းတွေဟာ
 မီးလိုပူတယ်ဆိုပေမယ့်   ကျွန်တော်ကလေ
 ပိုးဖလံတစ်ကောင်ထက်ပိုပြီ မိုက်မဲရူးသွပ်စွာ
လွမ်းပြီးရင်းလွမ်းချင်နေတယ်
“မ”   ရယ်……….။      ။

ကျွန်တော့်နှလုံးသားကျောက်စာတိုင်မှာ
“မ” အပေါ်ဖြူစင်စွာထားတဲ့  မြတ်နိုးမှုတွေရယ်
နေ့စဉ်နေ့တိုင်း ရင်ကွဲမတတ်လွမ်းရတဲ့
တမ်းတလွမ်းဆွတ်မှုတွေချည်း
ကမ္ပည်းတင်ထားလိုက်ချင်တယ်
“မ” ရယ်……………………………။                      ။

   ထူးသူရဇွဲ
(၃.၁၀.၂၀၁၀)
   Zwe
အချစ်ဆုံး   “မ” အတွက်
     

“မ” အမြဲပျော်ရွှင်နိုင်ပါစေ။

In: ကဗျာ Posted By: Date: Oct 3, 2010
Comment #1

အဲဒီ
မဆိုတယ့်သူနဲ့
သက်ဆုံးတိုင်ပေါင်းနိုင်ပါစေလို့ဆုတောင်းလိုက်တယ်နော်

commentinfo By: hnin.phwe.lay at Oct 4, 2010
Comment #2

ပေးတဲ့ဆုနဲ့ပြည့်ပါစေနော်။
ကျေးဇူးတင်ပါတယ်။
B-)

commentinfo By: ထူးသူရဇွဲ at Oct 4, 2010
Comment #3

ကျွန်တ်ာလည်း မကိုလွမ်းနေသူတစ်ဥိးပါ ကဗျာလေးကအရမ်းကောင်းပါတယ်

commentinfo By:့ ထက်မြတ်ဦး at Oct 10, 2010
Comment #4

ကျေးဇူးတင်ပါတယ်။ဆက်လက်ကြိုးစားသွားပါမယ်နော်။
အကြံဥာဏ်လေးဘာလေးပေးကြပါဦး။:D

commentinfo By: ထူးသူရဇွဲ at Oct 21, 2010
Comment #5

မ ..ကို လွမ်းသလို..
မောင့်ကိုလွမ်းနေတယ်ဆ်ုတာ..မောင်တရောက်သိမယ်ဆ်ုရင်…
အ၇မ်းကောင်းမှနော်

commentinfo By: မီမီး at Oct 21, 2010
Comment #6

မီးမီး ရဲ့
မောင်လည်းကြားသိနိုင်ပါစေလို့
ဆုတောင်းပေးတယ်နော်။:)
မောင်နဲ့အဆင်ပြေပါစေလို့ ။
…………………….ဇွဲ။:D

commentinfo By: ထူးသူရဇွဲ at Oct 21, 2010
Comment #7

ကောင်းတယ် ကဗျာလေး က ဘာလို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်က လည်း မ ကိုချစ်နေတယ်လေ အကြံကတော့မပေးတတ်ဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း ၇ူးနေလို့လေ မစားကောင်းမှန်းသိ၇က်နဲ့ သူ၇ဇွဲလည်း စားသုံးနေတာပဲလေ ။ဆက်ပြီးေ၇းသားနိုင်ပါစေ

commentinfo By: genius.jinx28 at Dec 16, 2010
Comment #8

nice simple poem

commentinfo By: ei lay at Jan 11, 2012
Comment #9

မ ကိုချစ်တဲ့ သူတစ်ယောက် ချစ်ခြင်းတွေ ထပ်ထူနိုင်ပါစေရှင်

commentinfo By: maypyo.yioe2012 at Jul 17, 2012
Comment #10

🙂
🙂
🙂

commentinfo By: ei lay at Oct 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment