Professional Authors

အသဲကွဲညဗျို့

မှောင်နဲ့မည်းတည်း
သန်းခေါင်ထဲမှာ
အသားကမဲ
အသံပြဲသည့်
ကျွန်ုပ်ချောလှ
ရည်းစားမသည်
ခုလိုတမျိုး
တော် ကြာတစ်မျိုးဖြင့်
တစ်လကြာမှရေတစ်ခါချိုးပြီး
သူအားချိန်းသူ
ကျွန်ုပ်ကိုကား
သူ့အားတွေ့စဉ်
ဖိနပ်မပါ
လက်ဗလာဖြင့်
ချွေးစော်နံနံ
ပေပေ ကျံကျံ
သွားတွေ့သောကြောင့်
ရင်ထဲ အောင့်ဘု
အုတ်ခဲ နှင့်ထုကာ
လိုက်ကာဆဲလို့
စိတ်ညစ်သောကြောင့်
ယမကာပြဲ
လဲလဲ ကွဲ ကွဲ
ဖြစ်ပြီး ချဲစဉ်
ခွေးလေခွေလွင့်
ခွေးအပေအတေ
ခွေး လူဆိုး အဲ အဲ ခွေးဆိုးတွေ
လိုက်ကာဆွဲသောကြောင့်
ပြေးမိပြေးရာ ပြေးခဲ့မိသည်
ဟာ သေပြီ
အချုပ်ခန်း ကြီး……..။

In: ကဗျာ Posted By: Date: Dec 5, 2010
Comment #1

ဟီးဟီး….

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #2

မနောက်ပါနဲ့ဗျာ..။စိတ်ညစ်နေပါတယ်ဆိုမှ..

commentinfo By: minmin at Jul 11, 2011
Comment #3

ဟားးးးးး
ရယ်ရတယ်။

commentinfo By: maypoe at Jul 11, 2011
Comment #4

မှောင်နဲ့မည်းတည်း
သန်းခေါင်ထဲမှာ
အသားကမဲ
အသံပြဲသည့်
ကျွန်ုပ်ချောလှ
ရည်းစားမသည်
ခုလိုတမျိုး
တော် ကြာတစ်မျိုးဖြင့်
တစ်လကြာမှရေတစ်ခါချိုးပြီး
သူအားချိန်းသူ
ကျွန်ုပ်ကိုကား
သူ့အားတွေ့စဉ်

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #5

he………………..he,,,,,,,,,,,,,,,,,,
he,,,,,,,,,,,,,,,,,he…………..
really nice,
really nice,
hote tar pe naw,u ka le. he,,he,,
if meet gf,u’d do many post.he,,he,,

but,,,,,,,,,,,,,,he,,he,,
my motto is simple n pure mind the most important.

commentinfo By: ei lay at Aug 9, 2011
Comment #6

အဟိ 🙂
အရေးအသားကောင်းတဲ့ စိတ်ကူးဆန်းတဲ့ ရယ်လည်းရယ်ရတဲ့ ကဗျာလေးတစ်ပုဒ်ဘဲ ။

commentinfo By: X - ray at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment