Professional Authors

အသဲကွဲအထ္ထုပတ္တိ

အတူသွားအတူလာ
အမြဲလိုမဟုတ်ပေမယ့်
အသဲမှာ စွဲကျန်စေအောင်…
တချိန်က…
ငါတို့..လက်တွေမြဲ…
ငါ့အပါးမှာ…နင်..ရှိခဲ့ဖူးတယ်။

နေ့မပျက်..ညမအိပ်
လေလှိုင်းများမှတဆင့်
ချစ်ကြိုးသွယ်….အပြစ်ဆိုးတွေကင်း.
တချိန်က…..
ငါတို့…ဆက်သွယ်ခဲ့
ငါ့အကြားအာရုံမှာ..နင်မြဲခဲ့ဖူးတယ်

လက်ဖမိုး..လက်ဖ၀ါး..
သူတပြန်..ကိုယ်တလှည့်..
အတွေးတွေ..ဖလှယ်…
တချိန်က..
ငါတို့အိပ်မက်တွေ..အတူဆေးခြယ်ခဲ့
နင်…..ငါ့အိပ်မက်တွေရဲ့..အသက်ဖြစ်ခဲ့တယ်။

(နင်)..အသစ်တွေ့…အချစ်ဖြစ်.လာ
ဖုန်းမအား..ဖုန်းမဆက်..
အဆက်အသွယ်တွေ…
ပြတ်ခဲ့တိုင်း…..မျက်ရည်သည်း…ရက်တွေထဲ
ချော့တခါ..ခြောက်တလှည့်..နဲ့
တချိန်က…
နင်စေရာစေ…
ပုံပြင်တွေ…စုတ်ချက်ကြမ်းလာ..ခဲ့
ငါ……..ခဏတာ…မပြေလည်ခြင်း…လို့
သတ်မှတ်..ရူး..ခဲ့..ဖူးတယ်။

ညှာတာကင်း..သာယာခြင်းရှင်းလို့
အငြိုးတွေနဲ့..မိုးတွေရွာ
အဆိုး..မှန်သမျှ…ငါ့အပေါ်..ကျ
အခြားသူ..လက်ဆွဲလို့…ငါ့ကမ္ဘာကို
ခွဲခြေဖို့…နင်ပြောထွက်ခဲ့
မစွန့်လွှတ်..မခွဲခွာနိုင်ခြင်း…နောက်
မထူးဇာတ်ခင်း…နင့်အတွက်..
ငါ့အတ္တကို….နင်းခြေခဲ့ဖူးတယ်။

သူတင်းလိုက်တဲ့ကြိုး…ဆက်ခင်းဖို့အတွက်
ငါ့အသည်း…အသက်..နှင်း…
ရက်စက်ခြင်းတွေနဲ့…နင်…ရှင်း..ဖြတ်ခဲ့
လက်ကောက်ဝတ်ဖြတ်ရာ..လည်း
နောက်တချက်..လှည့်ကြည့်ဖို့…..နင့်အတွက်
သိပ်ခက်..ခဲ့…. အတိတ်တွေထဲ
နံပါတ်စဉ်..တခု..စာ.သာ..
ငါ့..ချန်..ခဲ့……….
မယုံနိုင်ခြင်း…တပ်မက်မှုတွေနဲ့…
ငါ…ကျန်…နေ…ခဲ့…တယ်။

နင်မြဲခဲ့ဖူးတဲ့..ငါ့အပါး
နင်ရှိခဲ့ဖူးတဲ့…ငါ့အာရုံတွေနဲ့
မူမမှန်..တယူသန်စွာ
နင့်အတိတ်ထဲက..နံပါတ်စဉ်လေးသာ..ပိုက်
အချစ်တွေ…မပျက်စေဖို့
အိပ်မက်တွေဆက်…

နိုးထ..မလာစေ..ဖို့
နင်..ချန်..ခဲ့တဲ့..အတိတ်မှာ…
ငါ..ကျေကျေနပ်နပ်….ကျန်..နေ..ခဲ့တယ်

ရည်စူးသခင်..ထာဝရ..ပျော်ရွှင်..ကြည်နူးနိုင်စေ

In: ကဗျာ Posted By: Date: Oct 9, 2011
Comment #1

တချိန်က…
ငါတို့..လက်တွေမြဲ…
ငါ့အပါးမှာ…နင်..ရှိခဲ့ဖူးတယ်။

နင်မြဲခဲ့ဖူးတဲ့..ငါ့အပါး
နင်ရှိခဲ့ဖူးတဲ့…ငါ့အာရုံတွေနဲ့
မူမမှန်..တယူသန်စွာ
နင့်အတိတ်ထဲက..နံပါတ်စဉ်လေးသာ..ပိုက်
အချစ်တွေ…မပျက်စေဖို့
အိပ်မက်တွေဆက်…

နိုးထ..မလာစေ..ဖို့
နင်..ချန်..ခဲ့တဲ့..အတိတ်မှာ…
ငါ..ကျေကျေနပ်နပ်….ကျန်..နေ..ခဲ့တယ်

မိုးရေ….စာသားတွေက လန်း တယ်ဗျာ……တကယ် ရင်တွင်းဖြစ် ထုစစ်ထားသော……
ကေ အားပေးသွားပါတယ်….။

commentinfo By: ကေသရီ at Oct 10, 2011
Comment #2

သူတင်းလိုက်တဲ့ကြိုး…ဆက်ခင်းဖို့အတွက်
ငါ့အသည်း…အသက်..နှင်း…
ရက်စက်ခြင်းတွေနဲ့…နင်…ရှင်း..ဖြတ်ခဲ့
လက်ကောက်ဝတ်ဖြတ်ရာ..လည်း
နောက်တချက်..လှည့်ကြည့်ဖို့…..နင့်အတွက်
သိပ်ခက်..ခဲ့…. အတိတ်တွေထဲ
နံပါတ်စဉ်..တခု..စာ.သာ..
ငါ့..ချန်..ခဲ့……….
မယုံနိုင်ခြင်း…တပ်မက်မှုတွေနဲ့…
ငါ…ကျန်…နေ…ခဲ့…တယ်။

အားပေးသွားပါတယ်ဗျာ…..

commentinfo By: နွေဦးသစ် at Oct 10, 2011
Comment #3

နင်မြဲခဲ့ဖူးတဲ့..ငါ့အပါး
နင်ရှိခဲ့ဖူးတဲ့…ငါ့အာရုံတွေနဲ့
မူမမှန်..တယူသန်စွာ
နင့်အတိတ်ထဲက..နံပါတ်စဉ်လေးသာ..ပိုက်
အချစ်တွေ…မပျက်စေဖို့
အိပ်မက်တွေဆက်…

နိုးထ..မလာစေ..ဖို့
နင်..ချန်..ခဲ့တဲ့..အတိတ်မှာ…
ငါ..ကျေကျေနပ်နပ်….ကျန်..နေ..ခဲ့တယ်

အားပေးသွားတယ်နော်

commentinfo By: yaewintaung at Oct 10, 2011
Comment #4

သူတင်းလိုက်တဲ့ကြိုး…ဆက်ခင်းဖို့အတွက်
ငါ့အသည်း…အသက်..နှင်း…
ရက်စက်ခြင်းတွေနဲ့…နင်…ရှင်း..ဖြတ်ခဲ့
လက်ကောက်ဝတ်ဖြတ်ရာ..လည်း
နောက်တချက်..လှည့်ကြည့်ဖို့…..နင့်အတွက်
သိပ်ခက်..ခဲ့…. အတိတ်တွေထဲ
နံပါတ်စဉ်..တခု..စာ.သာ..
ငါ့..ချန်..ခဲ့……….
မယုံနိုင်ခြင်း…တပ်မက်မှုတွေနဲ့…
ငါ…ကျန်…နေ…ခဲ့…တယ်
အားပေးသွားတယ်နော် ကြီးတော် မိုး

Comment #5

လက်ဖမိုး..လက်ဖ၀ါး..
သူတပြန်..ကိုယ်တလှည့်..
အတွေးတွေ..ဖလှယ်…
တချိန်က..
ငါတို့အိပ်မက်တွေ..အတူဆေးခြယ်ခဲ့
နင်…..ငါ့အိပ်မက်တွေရဲ့..အသက်ဖြစ်ခဲ့တယ်။

နင်မြဲခဲ့ဖူးတဲ့..ငါ့အပါး
နင်ရှိခဲ့ဖူးတဲ့…ငါ့အာရုံတွေနဲ့
မူမမှန်..တယူသန်စွာ
နင့်အတိတ်ထဲက..နံပါတ်စဉ်လေးသာ..ပိုက်
အချစ်တွေ…မပျက်စေဖို့
အိပ်မက်တွေဆက်…

စောက်ကျိုးနည်းကြီးကိုကောင်းတာပါလား မိုက်တယ်ဗျာကဗျာက

Comment #6

ရည်စူးသခင်..ထာဝရ..ပျော်ရွှင်..ကြည်နူးနိုင်စေ

commentinfo By: mgchannaye at Oct 10, 2011
Comment #7

ရည်စူးသခင်..ထာဝရ..ပျော်ရွှင်..ကြည်နူးနိုင်စေ
မိုက်လိုက်တဲ့စာသားဗျာ စိတ်မခိုင်ရင် ပုလဲတောင်ခနိုင်တယ် ဖတ်ရှုအားပေးသွားတယ် ။

commentinfo By: X - ray at Oct 10, 2011
Comment #8

ညှာတာကင်း..သာယာခြင်းရှင်းလို့
အငြိုးတွေနဲ့..မိုးတွေရွာ
အဆိုး..မှန်သမျှ…ငါ့အပေါ်..ကျ
အခြားသူ..လက်ဆွဲလို့…ငါ့ကမ္ဘာကို
ခွဲခြေဖို့…နင်ပြောထွက်ခဲ့
မစွန့်လွှတ်..မခွဲခွာနိုင်ခြင်း…နောက်
မထူးဇာတ်ခင်း…နင့်အတွက်..
ငါ့အတ္တကို….နင်းခြေခဲ့ဖူးတယ်။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Oct 12, 2011
Comment #9

မမိုး….ကောင်းလိုက်တာဗျာ။ခံစားချက်တွေ လန်းထွက်နေတာပဲ။
တော်တော်ခံစားထားရတယ်ဆိုတာ…….သိသားတယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 12, 2011
Comment #10

ကျွန်တော့်ကဗျာလေးတွေအားပေးတဲ့မောင်နှမများအားလုံးအရမ်းကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #11

heart hti de.
myat yae tway taung kya mi de.

commentinfo By: ei lay at Oct 19, 2011
Comment #12

ကဗျာ ထဲက အ၇ာတွေ နဲ့ အများကြီး တိုက်ဆိုင်လို့လားတော့မသိဘူး
တော်တော် ကိုကြိုက်တယ်……….အားပေးလျှက်ပါ

commentinfo By: kaungkaung at Oct 21, 2011
Comment #13

စာသားတွေက ခံစားချက်ပါတယ်။
ရေးဖွဲ့ထားပုံကလည်း တကယ်ကိုကောင်းပါတယ်။
အခုလို ရေးနိုင်တာကို တကယ်ချီးကျူးမိပါတယ်။
ကံကောင်းပါစေ။

commentinfo By: paingtha at Oct 22, 2011
Comment #14

မင်းကဗျာတွေ မာရဲ့လား
ပေါက်ကွဲနေတတ်တဲ့စကားလုံးတွေကို သတိရတယ်
ငါ့ကို စာနာမှုနဲ့ ဖြေသိမ့်ပေးခဲ့တာ မင်းအမှား
မင်းရဲ့ဖြေသိမ့်မှုတွေမှာ သာယာသွားတာက ငါ့အမှား
ခုတော့ ရှင်သန်မှုဟာ တစ်ကွဲတစ်ပြားစီ
(တစ်စုံတစ်ယောက်ရဲ့ အမှတ်တမဲ့ဟာ
ငါ့အတွက် အမှတ်တရဖြစ်နေရ)
အပြင်မှာ ရွာနေတဲ့မိုးက
မင်းရဲ့ကိုယ်ပွားလား
ငါ့မှာ မင်းကိုသတိရစိတ်နဲ့
ထင်ယောင်ထင်မှား ဖြစ်ရတယ်။

****ဒေါ်ဂျီးကို သတိရလို့ရေးတဲ့ကဗျာ….****

ဒေါ်ဂျီးကလည်း ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီးကပဲကိုး…….:)
facebookမှာတွေ့တာ ကျွန်တော့်acc့ က [email protected]ပါ
ကျွန်တော်လည်း စာသင်နေရတော့ သိပ်မအားဘူးဗျ
ကဗျာလေးတွေတော့ရေးဖြစ်တယ် မတင်ဖြစ်ဘူး
နောက်မှ ဒေါ်ဂျီးကို ပေးဖတ်မယ်
ဒေါ်ဂျီးလည်း ဟို ခင်ဗျားဆိုတဲ့လူနဲ့အဆင်ပြေပါစေဗျာ:)

commentinfo By: ဦးဂျီး at Oct 24, 2011
Comment #15

ညှာတာကင်း..သာယာခြင်းရှင်းလို့
အငြိုးတွေနဲ့..မိုးတွေရွာ
အဆိုး..မှန်သမျှ…ငါ့အပေါ်..ကျ
အခြားသူ..လက်ဆွဲလို့…ငါ့ကမ္ဘာကို
ခွဲခြေဖို့…နင်ပြောထွက်ခဲ့
မစွန့်လွှတ်..မခွဲခွာနိုင်ခြင်း…နောက်
မထူးဇာတ်ခင်း…နင့်အတွက်..
ငါ့အတ္တကို….နင်းခြေခဲ့ဖူးတယ်။

အား ပေးသွားပါတယ်နော်

commentinfo By: စစ် စစ် at Oct 24, 2011
Comment #16

ဒေါ်ဂျီး နေကောင်းရဲ့လားဗျ
ဒါမှမဟုတ် ခင်ဗျား ဒီကို မလာတော့တာလား
ခင်ဗျားမလာတော့ဘူးဆို ကျွန်တော်လည်း မလာတော့ဘူး
ကျွန်တော်တို့ဘက်မှာ ကလေးပျောက်တဲ့ကောလဟာလတွေ ကြား၇တော့
ဒေါ်ဂျီးကိုတောင် စိတ်ပူမိသေးတယ်…:)
ကဗျာဆရာဆိုပြီး ဒေါ်ဂျီးကိုတွေ့ချင်လို့ပြောလာရင်
ဘယ်သူဖြစ်ဖြစ်သွားမတွေ့နဲ့နော် ကြားလား:)
ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့ ဒေါ်ဂျီးရာ
ဒေါ်ဂျီး ပျော်ရွှင်ပါစေ……….

commentinfo By: ဦးဂျီး at Nov 5, 2011
Comment #17

he,,he,,,
u g yaw,,,
daw g yaw,,,
he,,he,,
sone nay tar pe.

commentinfo By: ei lay at Nov 5, 2011
Comment #18

အားပေးသွားပါတယ်ဗျာ….

commentinfo By: moehtetaung18 at Nov 18, 2011
Comment #19

ရည်စူးသခင်..ထာဝရ..ပျော်ရွှင်..ကြည်နူးနိုင်စေ

commentinfo By: nge at Mar 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment