Professional Authors

ငါ့ရှေ့မှာ ငါ အသဲကွဲ

ငါ့ရှေမှာ အခြားတစ်ယောက်ကို ပြုံးပြ

ငါ့ရှေမှာ အခြားတစ်ယောက်ကို တွဲပြ

ငါ့ရှေမှာ အခြားတစ်ယောက်နဲ့ စကားတွေပြောကြ

ငါ့ရှေမှာ အခြားတစ်ယောက်နဲ့ကြည်နူးကြ

ငါ့ရှေမှာ အခြားတစ်ယောက်နဲ့ အတူစား အတူသွား

ငါ့ရှေ့မှာ ငါ့ အသဲကိုလာကစား

ငါ့ရှေ့မှာ ငါ့ အသဲကွဲ ငါ ရှက်လိုက်တာ

 

ငါ့ရှေ့မှာ ဒီမျက်ရည် ဘာလို့စီးကျ

ငါ့ရှေ့မှာ ဒီရင်ဘတ် ဘာလို့ဒီလောက်တောင် ကြွေမွ

ငါ့ရှေ့မှာ ငါ့ ဘာလို့

…………………………

………………………….

 

ငါ့ရှေ့မှာ နင် ဖြစ်ချင်သလိုဖြစ်နိုင်တယ်

သို့ပေမယ့်

ကွယ်ရာမှာ ငါ့ကို ပစ်ချင်သလို ပစ်မထားပါနဲ့

ငါ့ရှေ့မှာ နင် အခြားတစ်ယောက်ကို ပြုံးပြပါ

ကွယ်ရာမှာ အဲဒီအပြုံးမျိုး ဘယ်သူ့ကိုမှ

နင် မပြုံးပြလိုက်ပါနဲ့လား

အဲဒီအပြုံးက ငါ့ရှေ့မှာပဲ ဖြစ်စေ့ချင်တယ်။

ငါ့ရှေမှာ အခြားတစ်ယောက်နဲ့ စကားတွေပြောကြ ပြောကြ

ပြောစမ်းပါစေ … ငါမတားပါဘူး

ငါ့ရှေ့မှာ ငါ သ၀န်တိုတာပဲရှိမယ်

သို့ပေမယ့်

 ကွယ်ရာမှာတော့ … နင်မလုပ်လိုက်ပါနဲ့

ငါ့ရှေမှာ အခြားတစ်ယောက်နဲ့တွဲပြ ကြည်နူးကြ

ပျော်ရွင်လို့ ပြုံးပြ အတူသွား အတူစားကြ

ဒါပေမယ့် ငါ့ရှေ့မှာပဲ ဖြစ်ပါစေ

ကွယ်ရာမှာ နင် မလုပ်လိုက်နဲ့

ငါ မတွေးဝံ့ဘူး

ငါဟာ နင့်ရဲ့ နံဘေးမှာ အမြဲရှိနေတယ်

နင်ဟာ င့ါရဲ့ တစ်ဦးတည်းသော ချစ်သူဆိုတာ

ကွယ်ရာမှာ နင်သတိလက်လွတ်မဖြစ်ပါနဲ့

ငါ့ရှေ့မှာ ငါ့ကို အသဲခွဲချင် ခွဲပါ

ကွယ်ရာကနေ နင်ငါ့ကို အသဲခွဲမှာ

ငါ မတွေးဝံ့ဘူး

ငါ့ရှေ့မှာ ငါ့ကို အသဲခွဲပါ

ခံရတာ ပိုသက်သာမယ်။

In: ကဗျာ Posted By: Date: Jan 18, 2012
Comment #1

hote de,,
hote de,,
100% right.
i agree with u.

if me,i always let him know what i plan,,where i do
it means that i m clear..
it shows how’s the level of my dignity.
it makes me feel confident.
although i m not his gf yet,,(one-sided) i keep all.
kwi,,kwi,,

commentinfo By: ei lay at Jan 19, 2012
Comment #2

အားပေးသွားတယ်။..
အိရေ…..မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်လေ….

commentinfo By: May Kha at Jan 19, 2012
Comment #3

ကတုံးလေး ..အမ အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 19, 2012
Comment #4

he,,he,,
hote ma may kha,,
yaung pyan tway dot hat de,,a myar g pe,,,kwi,,kwi,,
but thu se ka dot hote bu,,,

commentinfo By: ei lay at Jan 19, 2012
Comment #5

အားပေးတဲ့ အားလုံးကို ကျေးဇူးတင်တယ်။
Thanks all @@@

commentinfo By: gadounlay at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment