Professional Authors

မနေ့တစ်နေ့ကလိုအဖြစ်ကို ငါ့ရင်မှာ မွစာကြဲလို့ မှတ်မှတ်ရရ

အဲသည် စိတ်ထဲကမပျောက်တော့တဲ့ တစ်ည

လရောင်ဖျော့ဖျော့က
နီမှောင်မှောင်ခေါင်မိုးများပေါ်ဆမ်းဖျ။

ချစ်သူက
သူ့မိတ်ဆွေနဲ့ ညစာအတူ စားဖို့ရယ်
ငါ့မှာ ရှောင်ဖယ်ပေးခဲ့ ရတော့တယ်။

အဲသည် တိုက်ဖျက်လက်စ လမ်းလေးဆယ်ဟိုး တစ်ဖက်မှာ
ဂစ်တာတစ်လက်နဲ့ စိတ်ဖြေသီချင်းတိုးတိုးငြီးရ။

ညရှစ်နာရီမှကိုးနာရီ
ငါ့ရင်မှာ မွစာကြဲလို့ မှတ်မှတ်ရရ…

ဒဏ်ရာ။    ။

ဩမြိုင်

In: ကဗျာ Posted By: Date: Dec 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment