Professional Authors

.:: မှတ်မှတ်ရရ happy new year ည::.

အလည်လွန်နေတာက ကြယ်
မဆိုင်ဘဲလိုက်သွားတာက ဖိုးလမင်း။

ဂဒီပါအနက်ကို ဒေါင့်စိအောင်ခင်းထားတဲ့ ဒီည

ဓါတ်တိုင်မီးကို ကြည့်လိုက်တော့
ပိုးဇွန်းကြူးသာသာ။
လာချင်လာ မလာချင်နေ ပုံမှန်ဆောင်ရမှာက မီတာဘေ။
ဒီကြားထဲ ခွင့်မတောင်းဘဲ အခန်းထဲအတင်းတိုးဝင်လာတာက
ပိုင်နက်ကျူးလွန်မှု့နဲ့ တရားစွဲလို့မရတဲ့ မမခြင်၊
ဂျပိုးနဲ့အပေါင်းအပါတွေကလည်း အလစ်မှာတိုက်ခိုက်ကျအုန်းမတဲ့။

ဒီမယ် ၂၀၁၁ ကြီးရေ HAPPY NEW YEAR ပါလို့ သူများတွေလို

အသံသေးအသံကြောင်နဲ့ အသံကုန်အော်ပြီးပြီ၊

နက်ဖြန် သူကလေးနဲ့တွေ့ရမှာမှိ့

မိုးမလင်းခင် တရေးလောက်တော့ အိပ်ချင်တယ်
ကူညီဗျာ။

In: ကဗျာ Posted By: Date: Apr 23, 2011
Comment #1

he,,,he,,rofl…..
mike de,,
mike de,,

commentinfo By: ei lay at Jan 6, 2012
Comment #2

😛
make me happy,

commentinfo By: ei lay at Dec 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment