Professional Authors

မျှော်လင့်ခြင်း.. မျက်စောင်း

စုတ်ပြတ်သတ်နေတဲ့ နှလုံးသားကို
ရင်မှာ အနိုင်နိုင် ပိုက်လို့
မှားယွင်းတဲ့ လမ်းတွေကို
ဦးထိုးဖို့ ကြိုးစားနေတဲ့
ငါ့ရဲ့ ခြေအစုံကို
မင်းရဲ့ အမုန်းမျက်စောင်းနဲ့
ချုပ်ထိန်းဖို့ ပေးသနားပါ..

ငါဆိုတဲ့ ငါဟာ
မင်းရဲ့ အမုန်းမျက်စောင်းနဲ့
ခလုတ်တိုက်လဲပြီး
အလဲလဲ အပြိုပြို
သွေးထွက်သံယို ဖြစ်တာတောင်မှ
နောင်တကင်းတဲ့ ကောင်ဆိုတာ

မင်းရဲ့ စိတ်ဝိဥာဉ်တချို့နဲ့
စောင့်ကြည့်ပေးဖို့တော့ လိုအပ်လိမ့်မယ်

Comment #1

Oppps so nice !!!

commentinfo By:ုKhin chaw su at Nov 30, 2010
Comment #2

ငါဆိုတဲ့ ငါဟာ
မင်းရဲ့ အမုန်းမျက်စောင်းနဲ့
ခလုတ်တိုက်လဲပြီး
အလဲလဲ အပြိုပြို
သွေးထွက်သံယို ဖြစ်တာတောင်မှ
နောင်တကင်းတဲ့ ကောင်

မိုက်တယ်ဗျို့ …..အမိုက်စားလေးဗျ……..

commentinfo By: moehtetaung18 at Nov 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment