Professional Authors

မင်းအတွက်ငါ့ရဲ့ ဆုတောင်း


မင်းအထီးကျန်တဲ့အခါ
ငါဟာမင်းရဲ့ အရိပ်ကလေးဖြစ်ပါရစေ…။

မင်းစိတ်ညစ်တဲ့အခါ
ငါဟာမင်းရဲ့  အပြုံးတစ်ပွင့်ဖြစ်ပါရစေ…။

မင်းအားငယ်တဲ့အခါ
ငါဟာမင်းရဲ့  ပခုံးတစ်ဖက်ဖြစ်ပါရစေ…။

တစ်စုံတစ်ယောက်ကြောင့် မင်းရင်ခုန်တဲ့အခါ
ငါဟာမင်းရဲ့  နှလုံးသားငယ်လေးဖြစ်ပါရစေ…။

တစ်စုံတစ်ယောက်ကြောင့် မင်းပျော်နေတဲ့အခါ
ငါဟာမင်းရဲ့  အပြုံတစ်ပွင့်ထပ်မံဖြစ်ပါရစေ…

တစ်စုံတစ်ယောက်ကို မင်းသတိရတဲ့အခါ
ငါဟာမင်းရဲ့ အတွေးငယ်လေးဖြစ်ပါရစေ…။


မင်းအဆင်မပြေတဲ့အခါ ငါနင့်အနားရှိနေမယ်…
မင်းအဆင်ပြေတဲ့ အခါ ငါရှောင်ဖယ်သွားပါ့မယ်…
ပေးဆပ်ရင်းနဲ့ ပဲ ငါကျေနပ်ပါတယ်…။

မင်းအတွက်ဆို
“အနှိုင်းမဲ့ ” ကိုတောင် ပြောင်းပြန်ဆိုရတဲ့အထိ
ငါအဓိပ္ပာယ်ဖွင့်ဆိုရဲတယ်…။

တကယ်တော့…
မင်းဟာငါ့ရဲ့ အကြောင်းပြချက်လေးပါ
မင်းရှိနေသရွေ့ …
အကြောင်းပြချက်ရှိနေသရွေ့ …
ငါဟာမင်းအတွက်ရပ်တည်နေမယ်…။

In: ကဗျာ Posted By: Date: Feb 2, 2013
Comment #1

Sa kar lone a g g tway ne pyit pout nay par de shint.
😛

commentinfo By: ei lay at Feb 2, 2013
Comment #2

a g g tway nae pyit pout tot hti phoe myar tar pop
ma ei lay yal 😀 kyo tin shoung htar kya naw 😛

commentinfo By: loafer at Feb 2, 2013
Comment #3

R u sure to hit directly?

😛

😛

commentinfo By: ei lay at Feb 2, 2013
Comment #4

yeah!!!

commentinfo By: loafer at Feb 2, 2013
Comment #5

အားပေးသွားပါတယ်
အရမ်းကောင်းပါတယ် မောင်လေး

commentinfo By: မေပျို at Feb 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment