Professional Authors

မမျှော်လင့်တဲ့ မျှော်လင့်ခြင်း

ညီမျှခြင်းချလို့ မရတဲ့ အချစ်တိုင်းဟာ

ခါးသက်တယ်ဆိုတာယုံပါတယ်

ထုံတုံတုံအတွေးမျိုးတွေးတတ်တဲ့ ငါ

ဒီတခါ ခပ်ရေးရေးသဘောပေါက်ခဲ့ဘီ…

ချစ်သူရေ…

လစ်လျူရှုခဲ့တာငါမဟုတ်ရပါဘူး

အချစ်မတူလို့ စစ်ကူတောင်းတာမဟုတ်ဘူးနော်

ငါ့ရင်ဘတ်ဟောင်းလောင်းပွင့်နေတာ

နင်မှမသိခဲ့ ပဲ ….

ခဏလောက်လေးနားစွင့်စမ်း….

သဲ့သဲ့လေး ငြီးနေတာကြားလား

ဒဏ်ရာ ဗရပွနဲ့  သွေးအလိမ်းလိမ်းစွန်းထင်း

ငါဟာ  မနက်ခင်းတိုင်းအရောင်မှိန်နေခဲ့ဘီ

ကျေနပ်ပေးပါတော့ ..ချစ်သူ

ငါပေးဆပ်နေတာ နင့်ကိုမဟုတ်ဘူး

အချစ်ကို …အချစ်ကိုလေ

စစ်မရောက်ခင် မြှားသွေးနေတာ

ဘေးအမြင်က ကြည့်ရင်

တွေးချင်တာတွေးကျမှာပေါ့

နင်မဆွေးစေရပါဘူး

အတိတ်တွေတဘောင်တွေ

အရိပ်အယောင်တောင်

ငါ့ရှေ့ မှာ မမြင်စေနဲ့ 

နင် ရေးရင် ငါ့သွေး နဲ့ 

မှင်ဖျော်ပေးမယ်ကွဲ့ 

ညင်းသွဲ့ သွဲ့ 

သမုဒယတွေ နဲ့ 

ငါလဲ အယုယခံချင်တာပေါ့

အခုဘ၀မှ

ငါမျှော်လင့်ကောင်းစေရယ်လို့ 

စုမတောင်းရဲ တာ

ငါ့ အားနည်းချက်လား

တအားဖက်ခါငိုထားတဲ့ 

ငါ့ခေါင်းအုံးလေး လဲ

အခုထိတိုင်စိုစွတ် နေဆဲ………

 

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)

18 Sep 2011…06:53 PM

In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

တကယ်ကြိုက်တယ်…အားပေးသွားတယ်….

commentinfo By: အသဲကွဲမိုး at Sep 22, 2011
Comment #2

ညီမျှခြင်းချလို့ မရတဲ့ အချစ်တိုင်းဟာ
ခါးသက်တယ်ဆိုတာယုံပါတယ် …

commentinfo By: rabbit at Sep 22, 2011
Comment #3

တကယ်တော်ပါတယ်ဗျာ……

commentinfo By: moehtetaung18 at Sep 22, 2011
Comment #4

ငါလဲ အယုယခံချင်တာပေါ့

အခုဘ၀မှ

ငါမျှော်လင့်ကောင်းစေရယ်လို့ 

စုမတောင်းရဲ တာ

ငါ့ အားနည်းချက်လား

တအားဖက်ခါငိုထားတဲ့ 

ငါ့ခေါင်းအုံးလေး လဲ

အခုထိတိုင်စိုစွတ် နေဆဲ

commentinfo By: May Kha at Sep 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment