xxx…..နာမည်တော့ အခုထိမပေးရသေးပါ….xxx
နားခိုရာ ညနေခင်းတခုမှာ
ကျနော်နဲ့ ကဝေတစ်ကောင်တို့
ဘိလိယက်ထိုးဖြစ်ခဲ့ကြတယ်။
ပွဲက လက်ရည်တည့်ခဲ့သလို
လူလည်းစည်းကားခဲ့ပါတယ်။
“တောက်” ဆိုတဲ့ အသံတစက လွဲရင်
သစေခြောက်တဲ့ ညတခုလို
ကစားပွဲက တိတ်ဆိတ်နိုင်လွန်းလှတယ်..
ကဝေ ကတော့ တရှုးရှုးနဲ့ပေါ့…..။
သရေမရှိ ကစားရတဲ့ပွဲမှာ
ဘေးနားကလူကြီးက စကားများပြီး
အရက်စော်နံခဲ့တယ်မေမေ…။
အဲဒီညနေက…
မထူးဆန်းတဲ့ အရာတစ်ခုကို
အထူးဆန်းလုပ်တဲ့ လူတွေနဲ့…..
အမည်းရောင်ကို အဖြူလုပ်
အတင်းကာထားတဲ့ လူတွေနဲ့…..
စကားချိုချိုတွေ ပြောပြီး
နှိပ်ကွပ်တတ်တဲ့ လူတွေနဲ့…..
အို….မျက်စိအဆုံးပါဘဲမေမေရယ်….။
ဖိုင်နယ်မှာ ဒီကောင် လူပါးဝတတ်လာခဲ့တယ်…
လမ်းပေါ်က ခွေးတချို့ ရယ်သံတွေနဲ့အတူ
ကဝေရဲ့အကို နတ်ဆိုးက
ကျနော့် လက်စွဲတော် ကျူတံကို
သွားကြားထိုးဖို့ ယူသွားလေရဲ့….။
ကျနော်ကြိုးစားခဲ့ပါတယ်
ဒါပေမယ့် မေမေရယ်…
နောက်ဆုံးမှာ ကျနော်ရှုံးခဲ့ရတယ်။
ကောင်းပါတယ်ဆိုတဲ့ လူတွေထဲကပေါ့..
ကျနော့်အလစ်မှာ ကျနော့်နောက်ကျောကို
ဓါးနဲ့ထိုးသွားခဲ့တယ်လေ……။။
18:34 29 Nov 2010
Comment #2
အမည်းရောင်ကိုအဖြူလုပ်အတင်းကာထားတဲ့သူတွေ နဲ့ စကားချိုချိုတွေပြောပီး နှိပ်ကွပ်တတ်တဲ့လူတွေ
ဒီစာသားလေးကြိုက်တယ်….ကြုံနေရလို့လေ…ဆက်ကြိုါ်စားပါ …တိုးတက်ဖို့လမ်းမြင်သည်…ဟဲဟဲ
By: ခင်လေး at Nov 29, 2010
Comment #6
ကောင်းပါတယ်
မသိတာတွေ သိရတာ ပေါ
By: channyeinthu at Dec 21, 2011
Comment #7
နောက် လဲ တင်ကြပါဦးနော်
By: channyeinthu at Dec 21, 2011
Comment #8
ကျေးဇူးပါဘဲဗျာ အလုပ်တွေ ရှုပ်နေလို့  မလှည့်နိုင်သေးပါဘူးဗျာ
By:ိဖိုးနမ်း at Jan 2, 2012




Comment #1
ကျနော်ကြိုးစားခဲ့ပါတယ်
ဒါပေမယ့် မေမေရယ်…
နောက်ဆုံးမှာ ကျနော်ရှုံးခဲ့ရတယ်။
ကောင်းပါတယ်ဆိုတဲ့ လူတွေထဲကပေါ့..
ကျနော့်အလစ်မှာ ကျနော့်နောက်ကျောကို
ဓါးနဲ့ထိုးသွားခဲ့တယ်လေ……။။
..
ကောင်းတယ်……တကယ်