Professional Authors

နင်ပြုစားခဲ့တဲ့ ငါ

သာယာလှပါတဲ့ 
ကျနော့်ဘဝရဲ့ နံနက်ခင်းတချို့ 
ရိုးရှင်းစွာ ခံစားရင် 
သူငယ်ချင်းတွေနဲ့ လျှောက်လည်ခဲ့ဘူးတယ်…x 
ပကတိ သုညလို 
ပွင့်လင်းစွာနေတတ်တဲ့ ကျနော်ကို 
ခင်ဗျား ဘာလို့ချစ်ခဲ့တာလဲ…x 
အသိမရှိသူတစ်ယောက်လို ရွက်ဆိုရင် 
ကျနော့်အချစ်ကို မရခင်အထိ 
ခင်ဗျား ရူးခဲ့ဘူးတယ်လေ…x 
ကျနော် ခင်ဗျားကို ယုံကြည်ခဲ့မိတယ် 
ကျနော်… 
ခင်ဗျားရဲ့ မာယာတောထဲမှာ 
နစ်မြုပ်ခဲ့တာ အလဲလဲ အကွဲကွဲပါဘဲဗျာ…x 
ယုံစားမိလိုက်တဲ့ ကျနော်ဟာ 
အချစ်ဆိုတဲ့ ခံစားမှု့ကြီးကို 
ရင်ဝယ်ပိုက်လို့ ချစ်ခဲ့လိုက်တာများ 
ကျနော့် မျက်ရည်တွေ မြေခခဲ့ရပါတယ်…x 
ခံစားမှု့စိတ်တဒေသကို 
အချစ်လို့ ထင်ခဲ့မိတဲ့ ခင်ဗျားအတွက် 
လွယ်ကူစွာနဲ့ ကျောခိုင်းတတ်ခဲ့မှာပေါ့…x 
ခင်ဗျား ရက်စက်တယ် 
သွယ်တန်းခဲ့တဲ့ ဒီကြိုး 
ဖြတ်ပစ်ခဲ့လိုက်တာများ 
ကပ်ကြေးတစ်လက်တောင် မလိုခဲ့လိုက်မိဘူး…x 
ခင်ဗျား မမှားခဲ့ပါဘူးလေ 
ခံစားတတ်တဲ့ ကျနော်သာ 
ကြေကွဲခဲ့ရတာပါ…x 
အပြစ်မရှိသူ တစ်ယောက်လို 
မြင်တတ်ခဲ့တဲ့ ကျနော် 
ပတ်သက်မှု့တွေ အားလုံးကို
သော့ခတ်လို့ နှလုံးသားထောင့်တစ်နေရာမှာ
သိမ်းထားလိုက်မယ်..x
ပြီးတော့…..
ခင်ဗျားကြီးကို ကျနော်
“မုန်းမယ်”……………။။ 

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

sate shot,,
sate shot,,
sate ne ne shot par naw,,
e lout chain chout nay dot shint chit thu ka kyauk p htwak pyay hmar pop,
sate aye aye htar par naw,,
lane mar par de

commentinfo By: ei lay at Feb 27, 2012
Comment #2

ခင်ဗျားကြီးကို ကျွန်တော်မုန်းမယ် တဲ့လားဗျာ စကားလုံးတွေက တယ်ပြင်းတယ် ကိုဖိုးနမ်းရေ အရေးအသားတွေမတွေ့ဖြစ်တာတောင် တော်တော်ကြာပေါ့ ကဗျာကောင်းလေးမို့ ခံစားအားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Feb 28, 2012
Comment #3

ကိုx-ray..ကလည်း.စကားလုံးတွေသာ..ပြင်းတာ….
ကိုဖိုးနမ်းပြောတာ..စိတ်ထဲကမပါဘူးလေ….အားတင်းပြီးပြောတာ…..ဟဲဟဲ
အကို..ကဗျာလေးကို ခံစားအားပေးသွားပါတယ်….

commentinfo By: poem.poem28 at Feb 28, 2012
Comment #4

အားပေးသွားပါတယ်.

commentinfo By: May Kha at Feb 28, 2012
Comment #5

ကြမ်းပြီဗျာ…..ကျွန်တော်တော့အားပေးနေတယ်…ဖိုးနမ်း….ပေါက်ကွဲလိုက်ပါ..
..
(ဒါပေမယ့်….ပြီးရင်တော့..မေ့ပြစ်လိုက်)

commentinfo By: အသဲကွဲမိုး at Feb 28, 2012
Comment #6

စိတ်လျော့ပေါင်းများပြီ..ဘယ်လိုမှ မရတော့လို့ အားတင်းပြီး
ပေါက်ကွဲပစ်လိုက်တာ..ပြီးရင်တော့ မေ့မှာပါ
ဟုတ်ပါဗျာ.
ကျနော်လည်း မရေးဖြစ်တာကြာပါပြီ..လူမှု့ရေး၊ စီးပွားရေး၊ အချစ်ရေး ဦးစားပေးနေရလို့ 😀
အားလုံး အားလုံး ကျေးဇူးပါဘဲဗျာ..

commentinfo By: ဖိုးနမ်း at Feb 28, 2012
Comment #7

ဒီလိုပါပဲဗျာ…မိန်းမဆိုတဲ့ အမျိုးတွေကတော့ ပြောမနေပါနဲ့ဗျာ……….
မိန်းမတွေပါပဲ……ဒီလောက်လဲ ခံစာားမနေပါနဲ့…

commentinfo By: lay pyay at Feb 29, 2012
Comment #8

ခံစားမှု့စိတ်တဒေသကို
အချစ်လို့ ထင်ခဲ့မိတဲ့ ခင်ဗျားအတွက်
လွယ်ကူစွာနဲ့ ကျောခိုင်းတတ်ခဲ့မှာပေါ့…x
ခင်ဗျား ရက်စက်တယ်
သွယ်တန်းခဲ့တဲ့ ဒီကြိုး
ဖြတ်ပစ်ခဲ့လိုက်တာများ
ကပ်ကြေးတစ်လက်တောင် မလိုခဲ့လိုက်မိဘူး…x
ခင်ဗျား မမှားခဲ့ပါဘူးလေ
ခံစားတတ်တဲ့ ကျနော်သာ

commentinfo By: zawthetoo at Feb 29, 2012
Comment #9

ယုံစားမိလိုက်တဲ့ ကျနော်ဟာ
အချစ်ဆိုတဲ့ ခံစားမှု့ကြီးကို
ရင်ဝယ်ပိုက်လို့ ချစ်ခဲ့လိုက်တာများ
ကျနော့် မျက်ရည်တွေ မြေခခဲ့ရပါတယ်

commentinfo By: kantkawmg at Mar 1, 2012
Comment #10

အားပေးကြတာ ကျေးဇူးဘဲဗျာ

commentinfo By: ဖိုးနမ်း at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment