Professional Authors

I’m Rolex(နာရီပါ)

ရခဲ့ဖူးတဲ့
ကိုယ်သင်းအနံ
သွားခဲ့ဘူးတဲ့
ပေတစ်ထောင်များ
လူတွေ သိသည် ဖြစ်စေ
မသိသည် ဖြစ်စေ
ငါ့ လက်ထဲ မှာ ကျစ်ကျစ်ပါအောင်
ဆုတ်ထားခဲ့တာ
မင်းလက်ကလေးပဲ ဆိုရင်
ဘာကို ပဲ ဖြစ်ဖြစ်
ငါ ရင်ဆိုင်ရဲ လေရဲ့
မင်းငါ့ အပေါ် သိလို့ ပြုသည်ဖြစ်စေ
မသိလို့ ပြု သည် ဖြစ်စေ
ငါ ခံနိုင်ခဲ့တယ်လေ
အေးလေ ငါ အရမ်းမြတ်နိုးရတဲ့
ဆံနွယ်အစုံ ပေါ် မှာ ပျံ ၀ဲ နေတဲ့
လိပ်ပြာအစုံကို တော့
ငါသည်းခံနိုင်သင့်ပါရဲ့
တကယ် တော့
မင်းငါ့ အနားမှာ ရှိသည့်ဖြစ်စေ
မရှိတော့ဘူးဖြစ်စေ
ငါ့ရင်ထဲ မှာ
အချစ်ဆိုတဲ့ နာရီတစ်လုံးကတော့
တဂျက်ဂျက် နဲ့ပုံမှန်ပါပဲ
ဘာဓါတ်ခဲ ဘာစက်မှ မလိုဘူး
မင်းကို ချစ်တဲ့
ငါ့ နှလုံးသွေးသက်သက်နဲ့ပဲ
လည်ပတ်နေခဲ့တာပါ…
စိတ်ချပါဟာ
အဲ့ ဒါက ရပ်တန့်သွားဖို့မရှိသလို
ဘယ်တော့မှလဲ ပျောက်ပျက်မသွားနိုင်ဘူး
ကမ္ဘာကြီးတည်သရွှေ့ပေါ့
တကယ်ဆို မင်းသတိထားမိရင်တွေ့မှာပါ
မင်းငါ့ကို ဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ်
မင်းနဲ့ပါတ်သတ်လာရင်
ငါဟာ နာ လည်းပဲ ရီနေနိုင်ပါတယ်ဟာ(ပြုံး)….။
မင်းစိတ်ချမ်းသာပါစေ…………..။

In: ကဗျာ Posted By: Date: Nov 28, 2010
Comment #1

မိုးကြီး(လေကြီး) ရုံ မဟုတ်ဘူး
ခံစားချက်တွေလည်းကြီးတယ်နော်
😛

commentinfo By: ကိုဇင် at Nov 29, 2010
Comment #2

wow..
So sweet

commentinfo By: ei lay at Dec 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment