Professional Authors

နေပါစေ ချစ်သူ

နေပါစေ ချစ်သူ
နင်နဲ့ဆက်တွဲရမှ ငါအချစ်စစ်တွေမြဲနေမယ်ဆိုရင်
ငါ့ရင်ကိုခွဲ နှလုံးသားကိုထုတ်လိုက်မယ်
ငါ့ရဲ့ဘေး နင်မရှိပါနဲ့တော့…..။

နေပါစေ ချစ်သူ
နင်ရှိမှ ငါ့ဘ၀ စိုပြေမယ်ဆိုရင်
နာရီတွေနောက်ပြန်ဆွဲ
နင်မပါဝင်တဲ့ အတိတ်တွေထဲပဲ
ငါပျော်မွေ့လိုက်မယ်……။

နေပါစေ ချစ်သူ
ငါမသိသေးတဲ့ အမှန်တရားနဲ့
ငါ့ပတ်ဝန်းကျင်ကို အယုံသွင်း
ငါသနားအောင် နင်ဖန်ဆင်းနေရင်
ငါမှတ်မိနေတဲ့ နာကြည်းစရာတွေနဲ့ပဲ
ငါ့ရင်ခုန်သံကို အသစ်ပြောင်းလိုက်မယ်…..။

နေပါစေ ချစ်သူ
အရာရာကို ငါခွင့်လွတ်ခဲ့ဖူးလို့
မျှော်လင့်ချက်တွေနဲ့ နင်ဒူးထောက်လည်း
နင့်လိုလူနဲ့ ငါ့အချစ်မတန်တော့လို့
ငါ့မာနကိုပဲ ငါကိုးကွယ်လိုက်ပါ့မယ်…..။

နေပါစေ ချစ်သူ
နင်နဲ့တွေ့ရမှ ငါ့မျက်ရည်တွေ ခမ်းခြောက်မယ်ဆိုရင်
မျက်ရည်မကတဲ့ နှလုံးသွေးပါ ခမ်းပါစေ
နင်နဲ့မဆုံတဲ့ အဝေးမှာ
ငါ့သိက္ခာကို ငါအဖက်ဆယ်
နာကျင်စွာနဲ့ပဲ ငါ….နင့်ကို လွမ်းနေလိုက်မယ်……။         ။

In: ကဗျာ Posted By: Date: Nov 8, 2010
Comment #1

yes.. should be .. cheers!! kay…

commentinfo By: kyi kyi at Nov 8, 2010
Comment #2

very good poem……………….i like your words…………..that’s a good feeling

commentinfo By: ချစ်နတ်သမီးလေး at Nov 8, 2010
Comment #3

အရမ်းကောင်းတယ်.. ခံစားချက်ပျင်ပုံရတယ်.. ဒီကဗျာနဲ့ထပ်တူကျမလဲတူတူပါပဲ..

commentinfo By: songmoezin at Nov 12, 2010
Comment #4

နေပါစေ ချစ်သူ
နင်နဲ့ဆက်တွဲရမှ ငါအချစ်စစ်တွေမြဲနေမယ်ဆိုရင်
ငါ့ရင်ကိုခွဲ နှလုံးသားကိုထုတ်လိုက်မယ်
ငါ့ရဲ့ဘေး နင်မရှိပါနဲ့တော့…..။

commentinfo By: အသဲကွဲမိုး at Nov 20, 2010
Comment #5

နေပါစေ ချစ်သူ
အရာရာကို ငါခွင့်လွတ်ခဲ့ဖူးလို့
မျှော်လင့်ချက်တွေနဲ့ နင်ဒူးထောက်လည်း
နင့်လိုလူနဲ့ ငါ့အချစ်မတန်တော့လို့
ငါ့မာနကိုပဲ ငါကိုးကွယ်လိုက်ပါ့မယ်…..။

နေပါစေ ချစ်သူ
နင်နဲ့တွေ့ရမှ ငါ့မျက်ရည်တွေ ခမ်းခြောက်မယ်ဆိုရင်
မျက်ရည်မကတဲ့ နှလုံးသွေးပါ ခမ်းပါစေ
နင်နဲ့မဆုံတဲ့ အဝေးမှာ
ငါ့သိက္ခာကို ငါအဖက်ဆယ်
နာကျင်စွာနဲ့ပဲ ငါ….နင့်ကို လွမ်းနေလိုက်မယ်……။ ။

မိုက်တယ် ဟာ ……………. စာသားက……………… ပြင်စရာ တစ်ခု ပဲ ရှိတယ်…………….. သိတယ် မဟုတ်လား…………. ကေ

commentinfo By: ZinZinn at Dec 20, 2010
Comment #6

ခံစားချက်ပြင်းတယ်နော်ကောင်းတယ်ကဗျာလေးက :))

commentinfo By: omkham at Mar 13, 2011
Comment #7

နေပါစေ ချစ်သူ
အရာရာကို ငါခွင့်လွတ်ခဲ့ဖူးလို့
မျှော်လင့်ချက်တွေနဲ့ နင်ဒူးထောက်လည်း
နင့်လိုလူနဲ့ ငါ့အချစ်မတန်တော့လို့
ငါ့မာနကိုပဲ ငါကိုးကွယ်လိုက်ပါ့မယ်…..။
အရင်ကတည်းက နင် မာနတွေကို ကိုးကွယ်ခဲ့တာပါ…….။ ။

commentinfo By: Someone at Jun 11, 2011
Comment #8

feel hurt so much?

all words r so strong.

commentinfo By: ei lay at Jun 22, 2011
Comment #9

နေပါစေ ချစ်သူ……..like

commentinfo By: Ei Ei Aung at Jun 26, 2011
Comment #10

နေပါစေ ချစ်သူ
ငါမသိသေးတဲ့ အမှန်တရားနဲ့
ငါ့ပတ်ဝန်းကျင်ကို အယုံသွင်း
ငါသနားအောင် နင်ဖန်ဆင်းနေရင်
ငါမှတ်မိနေတဲ့ နာကြည်းစရာတွေနဲ့ပဲ
ငါ့ရင်ခုန်သံကို အသစ်ပြောင်းလိုက်မယ်…..။

နေပါစေ ချစ်သူ
အရာရာကို ငါခွင့်လွတ်ခဲ့ဖူးလို့
မျှော်လင့်ချက်တွေနဲ့ နင်ဒူးထောက်လည်း
နင့်လိုလူနဲ့ ငါ့အချစ်မတန်တော့လို့
ငါ့မာနကိုပဲ ငါကိုးကွယ်လိုက်ပါ့မယ်…..။

ဒီ 2ပိုဒ်ကို ကြိုက်လို့…………facebook မှာတင်လိုက်တယ်နော်…..ကျေးဇူး

commentinfo By: Ei Ei Aung at Jun 26, 2011
Comment #11

နေပါစေ ချစ်သူ
နင်နဲ့ဆက်တွဲရမှ ငါအချစ်စစ်တွေမြဲနေမယ်ဆိုရင်
ငါ့ရင်ကိုခွဲ နှလုံးသားကိုထုတ်လိုက်မယ်
ငါ့ရဲ့ဘေး နင်မရှိပါနဲ့တော့…..။
ဒီအပိုဒ်ကိုအရမ်းကြိုက်တယ် ဒီအပိုဒ်လို ကျွန်တော်စိတ်ကိုပြတ်သားချင်တယ်

commentinfo By: linko at Jun 26, 2011
Comment #12

အားပေးသွားတယ်

commentinfo By: linko at Jun 26, 2011
Comment #13

now,af reading,i understand so well.
(1).so much feel love,so much feel hurt.
(2).if misunderstood each other,both would suffer pain forever.
my opinion is….
– true love has no reason.
-true love is forever.

commentinfo By: ei lay at Jun 30, 2011
Comment #14

နေပါစေ ချစ်သူ
အရာရာကို ငါခွင့်လွတ်ခဲ့ဖူးလို့
မျှော်လင့်ချက်တွေနဲ့ နင်ဒူးထောက်လည်း
နင့်လိုလူနဲ့ ငါ့အချစ်မတန်တော့လို့
ငါ့မာနကိုပဲ ငါကိုးကွယ်လိုက်ပါ့မယ်…..။

commentinfo By: chityellusoelay at Aug 17, 2011
Comment #15

ဟာ………..အလုံးတွေက တယ်ပြင်းတယ်ဗျို့
မကေသရီလက်က တော်တော်ထက်တာဘဲဗျ
ပညာတွေ လာလေ့လာသွားတယ်နော် ကဗျာအသစ်တွေကိုလည်း မျှော်နေတယ် ကြိုးစားထား အစ်မ ။

commentinfo By: X - ray at Feb 9, 2012
Comment #16

ကျေးဇူးပါနော်
ကေ့ကဗျာလေးကို ဖတ်ပြီး ခံစားပေးသွားတဲ့အတွက်….။

commentinfo By: ကေသရီ at Sep 17, 2012
Comment #17

အရမ်းကြိုက်ပါတယ် ဆက်ရေးပါဦးနှော်

commentinfo By: maythaw at Sep 5, 2013
Comment #18

ကျေးဇူးတင်ပါတယ်ရှင်…

commentinfo By: kaythari at Sep 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment