Professional Authors

သူများလျှောက်သလို နောက်ကလိုက်ကြည့်တယ်

ဒီလမ်းကို လျှောက်ဖို့

နောက်တစ်နေ့ လိုအုံးမယ် ထင်တယ်

သဘက်ခါလိုမျိုးပေါ့

တစ်နေ့နေ့…

စားတယ်

သွားတယ်

အဲ့ဒီကြားမှာ တစ်ခုခုကို စဉ်းစားတယ်

မအိပ်ခင်စပ်ကြား

သွားသွားလာလာ စဉ်းစားလိုက်သေးတယ်

ဒီလိုမှမဟုတ်ရင်

အရိပ်ထဲမှာတင် ကိုယ့်ကိုကိုယ် ပူတယ်လို့ထင်နေအုံးမယ်။

ဖြစ်နိုင်ရင် အရိပ်ကိုလိုချင်ရင်

အရိပ်ထဲကပဲ စောင့်ချင်တာ..

တစ်ခါတစ်ခါ

သူ့ကိုအရမ်းသတိရလိုက်တာ ဆိုတာမျိုး

အော်ဟစ်ချင်လိုက်သေးတာ..

ငါမသိတာမရှိ သိလိုက်ချင်သေးတာ

ငွေထုပ်ကိုပိုက်ပီးတော့ ရှာချင်လိုက်သေးတာ

မတွေ့ဘူးမလား

အဲ့ဒါ ပြောတာပေါ့ .. မင်းနဲ့တူတာ မတွေ့ဘူးဆိုတာ…

In: ကဗျာ Posted By: Date: Nov 26, 2010
Comment #1

အချစ်နဲ့ တွေ့ဖူးတဲ့ သူတိုင်း ဖြစ်တတ်တဲ့ အကြောင်းအရာလေးပါ ကောင်းပါတယ်။ ဒါပေမယ့်
မတွေ့ဘူးမလားဆိုတဲ့ အကြောင်းလေးက ထောက်နေသလိုဘဲ လူလေးဆိုလိုတာကို လူကြီးပဲ နားမလည်တာလား မသိတော့ပါဘူးဗျာ။

commentinfo By: butterfly at Nov 26, 2010
Comment #2

ဟုတ် လာဖတ်သွားတဲ့အတွက် ကျေးဇူးပါ

commentinfo By: လူလေး at Nov 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment