Professional Authors

သန်လျင်သို့

လာခဲ့ပါနော်
ပေါ်လွင်တဲ့ တံတား။
မြန်-တရုတ် ချစ်ကြည်ရေးနဲ့
မွှေ့-နန္ဒာ မေတ္တာလမ်းကို
ပေါင်းကူးတဲ့ တံတား။

လာခဲ့ပါနော်
တံတားကျော်တာနဲ့
စိမ်းစိုစို တောင်ကုန်းထက်မှာ
မောင်နန္ဒာ အလာဆိုက်ဖို့
မွှေ့နွမ်း မျှော်ရှာတဲ့
တည်နေရာကိုးကွယ်ထားတယ်
လွမ်းစေတီတဲ့။

လာခဲ့ပါနော်
ခေါ်တွင်တဲ့မြို့
မှိုင်းညို့ စိမ်းကာစို
မြို့အ၀င်အေးမြစေတဲ့
ဒုတိယမေမြို့။

စာပေနဲ့ကမ္ပည်းတင်
အမည်တွင်တဲ့မြို့
နတ်ရှင်နောင် ပဒေသရာဇာနဲ့
ဆရာသင် အခြေချခဲ့တဲ့
စွယ်တော်ရှင် စာပေကွန့်ခဲ့တယ်
ဝိညာဉ်ရှိတဲ့မြို့။

ရှေးရှေးက အတိတ်တဘောင်
အနက်ဆောင်လာတဲ့
သန်လျင်မြေတစလောင်း
ငွေတစ်သောင်းတန်တဲ့။

တပို့တွဲလ ပွဲတော်ခါ
ကျိုက်ခေါက်မှာ တူစုံဖူးဖို့
ဖိတ်လိုက်ချင်တာ။

တစ်နှစ်မှာတစ်ခါ
တစ်ခါမှာတစ်လ
တစ်လမှာတစ်ပတ်တည်း
ကြိတ်ကြိတ်တိုးပွဲ။

ကျိုက်မှော်ဝန်းရေလယ်ရှင်
ဖူးရောက်စေချင်
မယ်နှင့်မောင်အတူဖူးကာမှ
နံ့သာပျားထုံ တူစုံကပ်လို့
မြတ်ရှင်ထံဆုပန်ကြမယ်
အေးမြတဲ့ကျွန်း။
                   ငြိမ်းချမ်း

(စာရေးဆရာ ငြိမ်းချမ်း ရဲ့ ကဗျာလေးပါ.၊ ခံစားကြည့်လှည့်ပါ….။)

In: ကဗျာ,Others Posted By: Date: Jul 26, 2011
Comment #1

အရမ်းကောင်းတဲ့ကဗျာလေးပါ… ခုတလော သန်လျင်အကြောင်းစပ်တာများတရ်နော်…

commentinfo By: sandi at Jul 26, 2011
Comment #2

ိဒီကဗျာလေးက ကျွန်တော်ရေးတာ မဟုတ်ပါဘူး…။ ဆရာ ငြိမ်းချမ်း..ရဲ့ ကဗျာလေးပါ….။

Comment #3

ကျိုက်မှော်ဝန်းရေလယ်ရှင်
ဖူးရောက်စေချင်
မယ်နှင့်မောင်အတူဖူးကာမှ
နဲ့သာပျားထုံ တူစုံကပ်လို့
မြတ်ရှင်ထံဆုပန်ကြမယ်
အေးမြတဲ့ကျွန်း။. great

commentinfo By: အသဲကွဲမိုး at Jul 26, 2011
Comment #4

ကောင်းတယ်ဗျာ……………….

commentinfo By: စောရယ် at Jul 26, 2011
Comment #5

လာခဲ့ပါနော်
တံတားကျော်တာနဲ့
စိမ်းစိုစို တောင်ကုန်းထက်မှာ
မောင်နန္ဒာ အလာဆိုက်ဖို့
မွှေ့နွမ်း မျှော်ရှာတဲ့
တည်နေရာကိုးကွယ်ထားတယ်
လွမ်းစေတီတဲ့။

လာခဲ့ပါနော်
ခေါ်တွင်တဲ့မြို့
မှိုင်းညို့ စိမ်းကာစို
မြို့အ၀င်အေးမြစေတဲ့
ဒုတိယမေမြို့။

commentinfo By: jenny at Jul 26, 2011
Comment #6

ဆရာ ငြိမ်းချမ်းရဲ့ ကိုယ်စား ကျေးဇူးတင်လျက်ပါဗျာ….။

Comment #7

သန်လျင်က ဒီလောက်လှပ တာ ဒါနဲ့တင်ဘယ်ကမလဲ…..။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment