Professional Authors

ချစ်ဦးမေဆီသို့ ….

ကိုယ်တို့တွေ့ဆုံချင်ဟာ
ရေစက်ဆိုရင်…
ခဏတာဆုံခွင့်ပေးတဲ့
ဒီကံကြမ္မာ…
အပြစ်တင်လိုက်တယ်။

အကြင်နာမဆုံစေချင်ရင်ဖြင့်
တွေ့မဆုံအောင် ကွေ့ဝိုက်ကာ
သွားလိုက်ပါ…
ရင်တွေမခုန်တတ်အောင်ပေါ့။

မကြာခဏ ဆုံမူ့တိုင်းမှာ
ရင်ထဲကလှိုင်းတွေနဲ့
ငါသံစဉ်တွေ တီးဆိုရင်း
မေ… ကိုယ်ချစ်မိနေပြီလေ။

သံစဉ်တပိုင်းတစတွေနဲ့
နှလုံးသားသီကြူးရာ
လိုက်ဖက်ညီရင်း
ရင်တွေခုန်နေခဲ့ရတယ်။

အရာရာတိုင်းမှာ နောက်ကောက်ကျခဲ့ပေမယ့်
ဒီရင်ခုန်သံတိုင်းမှာ
အချိန်မှန်ဆဲ
မရပ်တန့်ဆဲမို့
ဒီခန္တာတည်သ၍ ငါ…
၂၄နာရီ ရင်ခုန်နေဆဲပါ
ဆက်၍လည်း ချစ်နေဆဲပါလို့…

တစ်ခါက ရင်ထဲက… ချစ်ဦးမေဆီသို့………..

In: ကဗျာ Posted By: Date: Sep 30, 2013
Comment #1

မကြာခဏ ဆုံမူ့တိုင်းမှာ
ရင်ထဲကလှိုင်းတွေနဲ့
ငါသံစဉ်တွေ တီးဆိုရင်း
မေ… ကိုယ်ချစ်မိနေပြီလေ။

commentinfo By: မေပျို at Sep 30, 2013
Comment #2

အကြင်နာမဆုံစေချင်ရင်ဖြင့်
တွေ့မဆုံအောင် ကွေ့ဝိုက်ကာ
သွားလိုက်ပါ…
ရင်တွေမခုန်တတ်အောင်ပေါ့။

မကြာခဏ ဆုံမူ့တိုင်းမှာ
ရင်ထဲကလှိုင်းတွေနဲ့
ငါသံစဉ်တွေ တီးဆိုရင်း
မေ… ကိုယ်ချစ်မိနေပြီလေ။

ထိတယ်ဗျာ

commentinfo By: Demon at Oct 1, 2013
Comment #3

ကျေးဇူးတင်ပါတယ်ဗျို့…

commentinfo By: Poe Hat Phyu at Oct 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment