Professional Authors

“ ချစ်တတ်ခြင်းမှာ. . . ”

ချစ်တတ်သူတို့ရဲ့ ချစ်ခြင်းမှာ. . .

အရောင်တွေ မပါဘူး၊

အတ္တတွေ မပါဘူး၊

မာနတွေ မပါဘူး၊

အမုန်းတွေ မပါဘူး။

 

ချစ်တတ်သူတို့ရဲ့ ချစ်ခြင်းဟာ . . .

ဂန္တ၀င်တေးသွားတစ်ပုဒ် မဟုတ်ဘူး၊

ကဗျာဆန်တဲ့ ပန်းတစ်ပွင့် မဟုတ်ဘူး၊

ပန်းသီးတစ်လုံးလို မချိုမြဘူး၊

ဝိုင်တစ်ခွက်လို မပြင်းရှဘူး။

 

ချစ်တတ်သူတို့ရဲ့ ချစ်ခြင်းဟာ . . . .

ကမ္ဘာမြေထုရဲ့ခံနိုင်ရည်ကို အံတုနိုင်လိမ့်မယ်၊

တောင်တွေရဲ့ ခိုင်မာမှုကို သက်သေထူလိမ့်မယ်၊

ကောင်းကင်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ပိုင်ဆိုင်လိမ့်မယ်၊

လမင်းရဲ့အေးမြခြင်းကို ပိုမိုနွေးထွေးစေလိမ့်မယ်။

 

ချစ်တတ်သူတို့ရဲ့ နှလုံးသားမှာ . . .

ဆန္ဒလေးတစ်ခု ကိန်းအောင်းနေလိမ့်မယ်၊

အဲဒါဟာ . . .

ချစ်ရသူရဲ့ ‘ အပြုံး ’ ကို ဖန်ဆင်းခွင့်ပါပဲ. . . . . . . .။

ဆူး

In: ကဗျာ Posted By: Date: Nov 25, 2010
Comment #1

wowwww
so coollllllll

commentinfo By: ei lay at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment