Professional Authors

သူမရဲ့လမင်း

– ပိန်းပိတ်တဲံ့ ညရဲ့အလယ်
  လမင်းရဲ့အလင်းရောင်အောက်
  လမင်းရဲ့ဆွဲငင်အားကိုခံစားရဖို့
  လေပြေတချက်အဝှေ့တိုင်း
  မျှော်လင့်နေမိတဲ့ လုံမငယ်။
-တင်းရင်းတဲ့နှုတ်ခမ်း  ၊ သွယ်လျှတဲ့နှာတံ
 မှေးစင်းနေတဲ့မျက်လုံးတစ်စုံ
 မို့မောက်တဲ့ရင်အစုံ နဲ့ လမင်းရဲ့ဆွဲငင်အားကိုခံစားရဖို့
 အသက်တချက်ရှုတိုင်း
 တမ်းတနေတဲ့ လုံမငယ် ။
-လပြည့်လကွယ် သူမ မသိ
 တိမ်ဖုံးလို့လမသာတာလဲ သူမစိုးစဉ်းမှနားမလည်
 လမင်းရဲ့ဆွဲငင်အားသာ မျှော်လင့်ရင်း
 အသိဥာဏ်အားလုံးကိုအမှောင်တိုက်သွင်းထားသူ။
-ဟိုးယခင်…..
 ကြည်လင်တဲ့ကောင်းကင်အောက်က
ဝန်းစက်လ၀န်းရဲ့ ဆွဲငင်အားကို
ခံစားရစ်မူးခဲ့မိသော ထိုသူမ သည်
နောက်တဖန် ထို ထိုသောညမျိုးကို
ပြန်ရလိမ့်နိုး မျှော်လင့်မိရင်း၊
စောင့်မျှော်ခြင်းအရသာနဲ့ နေသားကျနေသောသူမ
တနေ့……နောက်တနေ့…ပီးသောနောက်တနေ့ဝယ်
ထို လမင်း၏ ဆွဲငင်အားသာ ပြန်လည်တမ်းတနေမိခါဝယ်…..
 

In: ကဗျာ Posted By: Date: Sep 7, 2011
Comment #1

ဟိုး ယခင်…..
ကြည်လင်တဲ့ကောင်းကင်အောက်က
ဝန်းစက်လ၀န်းရဲ့ ဆွဲငင်အားကို
ခံစားရစ်မူးခဲ့မိသော ထိုသူမ သည်
နောက်တဖန် ထို ထိုသောညမျိုးကို
ပြန်ရလိမ့်နိုး မျှော်လင့်မိရင်း၊

commentinfo By: chityellusoelay at Sep 7, 2011
Comment #2

ဖတ်သွားပါတယ်ဗျာ……

commentinfo By: moehtetaung187 at Sep 8, 2011
Comment #3

ကျေူးဇူးတင်ပါတယ်….ကိုမိုးထက်အောင်ဘာလို့စာတွေမရေးတာလဲံ…..
ကြာပီနော်……..

commentinfo By: May Kha at Sep 8, 2011
Comment #4

လမင်းရဲ့ ဆွဲငင်အားက တော်တော်ကောင်းပုံရတယ်…………ကဗျာ တစ်ပုဒ်တောင် ဖြစ်သွားတယ်နော်…..မမေခ။

Comment #5

ဟုတ်ပါတယ်ဗျာ…..
သတိတရအတွက် ကျေးဇူးတင်ပါတယ်။
နောက်ရေူးဖြစ်မှာပါ…..အစ်မတော်။

commentinfo By: moehtetaung187 at Sep 8, 2011
Comment #6

ဟုတ်တယ်…..မျှော်တော်ရောင်ရေ…….
လမင်းမှာဆွဲငင်အားရှိတယ်လေ……….. စိတ်ညစ်တဲ့ချိန်လသာသာအောက်မှာ
ထိုင်ကြည့်ရင်သက်သာသလိုခံစားရတယ်……..

commentinfo By: May Kha at Sep 8, 2011
Comment #7

ဟာ………goodတယ် ငါ့အမရေ……
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 9, 2011
Comment #8

ဘ၀ရဲ့ ညတိုင်း လ သာ ပါစေလို့
လုံမငယ် အတွက် ဆုတောင်းပါတယ်
အားပေးပါတယ်ဗျာ

commentinfo By: mgchannaye at Sep 11, 2011
Comment #9

ပေးတဲ့ဆုနဲ့ပြည့်ချင်လိုက်တာ ကိုချမ်းအေးရေ………

commentinfo By: May Kha at Sep 12, 2011
Comment #10

လမင်းကိုနေ့တိုင်း တွေ့ရပါစေဗျာ
စေတနာရင်းခံနဲ့ ဆုတောင်းပေးလိုက်ပါတယ်

commentinfo By: laminpaing at Sep 16, 2011
Comment #11

a yan a yan kyike de.
both title & poem..
a yan chit phoe kaung loh,

commentinfo By: ei lay at Mar 8, 2012
Comment #12

read again par shin.

commentinfo By: ei lay at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment