Professional Authors

အလွမ်းနှစ်သက်သူ

ငါတို့ဝေးကြတဲ့အခါ
နင့်နင့်ဆွေးဆွေး လွမ်းခဲ့ဖူးတယ်။
ချစ်နေသေးလို့လွမ်းတာပါပေါ့
ငါ့ကိုယ်ငါဘာသာပြန်ခဲ့မိတယ်။
တခါတလေ ဆက်စပ်ပြီး တွေးမိတဲ့အခါ
တစ်စုံတစ်ယောက်ကို အားနာမိတယ်။
ဒါဖြစ်သင့်ရဲ့လားပေါ့။
တော်တော်များများလို့ ငါထင်ခဲ့တဲ့ နှစ်တွေမှာ
နင်နဲ့ပတ်သတ်ပြီး ငါလွမ်းနေတုန်းပဲ။
အထူးသဖြင့် နှင်းဝေတဲ့မနက်တွေနဲ့
လသာတဲ့ ညတွေမှာပေါ့။
အချစ်ဆိုတာ အသစ်အသစ်တွေ ဖြစ်ပေါ်တတ်မှန်း
ငါသိလိုက်တဲ့အချိန်
ငါ့ကိုယ်ငါ သဘောပေါက်လိုက်မိပြီ။
ငါချစ်လို့လွမ်းနေတာ မဟုတ်ဘူး။
ငါလွမ်းလို့ ချစ်နေတာပါ။
တကယ်တော့ငါဟာ..
အလွမ်းနှစ်သက်သူ တစ်ယောက်ပေါ့။

In: ကဗျာ Posted By: Date: Nov 25, 2010
Comment #1

so Cool !!!

commentinfo By:ုKhin chaw su at Nov 25, 2010
Comment #2

မှန်တယ်……. ထောက်ခံတယ်… အချစ်ဆိုတာဘယ်တော့မှမကုန်ခမ်းပါဘူး………..

commentinfo By: May Kha at Feb 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment