အဲဒါ
ကောင်မလေးရေ
မင်းတွေးနေတာတွေလေ
မှားနေလို့ မေ့လိုက်စမ်းပါ
ချစ်သူရေ
မင်းမေးနေတာတွေလေ
လွဲနေလို့ ရပ်လိုက်စမ်းပါ
မင်းသိလား
မင်းတွေးမိလား
ငါချစ်တာတွေပေါ့
မင်းတွေးနေကျ
စိုးထိပ်စရာတွေ
မေ့လိုက်လို့ ယုံလိုက်ပါ
မင်းမေးနေကျ
ချစ်သေးလားဆိုတာ
မျက်စိမှိတ်ပြီး ယုံလိုက်ပါ
အဲဒါတွေ အဲဒါတွေကလေ
မင်းနဲ့ငါရဲ့ ဆူးတွေပါ
အဲဒါတွေ အဲဒါတွေကလေ
မင်းနဲ့ငါ့ရဲ့ ရန်သူတွေပါ
တကယ်ပါ ချစ်သူ
မောင်ချစ်တာ အဖြစ်မဟုတ်ဘူး
အနှစ်တွေပါ
အဲဒါ မောင့်ရဲ့အကြင်နာ
အဲဒါ မောင့်ရဲ့မေတ္တာ
အဲဒါ ခိုင်မြဲတဲ့ မောင့်သစ္စာ
အဲဒါ……………………..
……………….မြူမင်းသွင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
မင်းမေးနေကျ
ချစ်သေးလားဆိုတာ
မျက်စိမှိတ်ပြီး ယုံလိုက်ပါ
ဒီစကားအရမ်း မိုက်တရ်
ဒါပေမဲ့ မျက်စိကိုမှိတ်လိုက်တော့ကောင်မလေးမှားသွားမှာပေါ့
ဘာမှမမြင်၇တော့တာ ယုံလို့မရပါဘူး …….အဟီး