Professional Authors

ကျွန်တော့်ကို မတားပါနဲ့  (မိုးထက်အောင်)

ကျွန်တော့်ကို မတားပါနဲ့ 

 

 

စကားလုံးတွေဆွံ့ အ နေမိအောင်ကတိုက်ကရိုက်ဆန်မယ်

ခုန်နေတဲ့ ရင်ဘတ်ကိုတော့မတားနဲ့ 

(မရတော့ဘူး……….)

လွင့်ကနဲဆံနွယ်နဲ့ ခပ်ဟဟရယ်သံ

နင့်ပါးပြင်လေး ခပ်ဖွဖွငေးမောနေရုံနဲ့ 

ငါသိပ်ချစ်နေတတ်ခဲ့ပါပြီ

(အာရုံထဲမှာ……..)

ပန်းနုရောင်တွေ အဆက်မပြတ်လှတယ်

(ပိုတယ်မပြောပါနဲ့ …..)

ရင်ဘတ်ချင်း ခတ်စရာမလိုပဲ

ငါ့အတွက် နားလည်မှုတွေအထပ်ထပ်ပေးနိုင်စွမ်းခဲ့ပါရဲ့

နင့်အပြုံးမှာ

(ဒီကောင်ဆိုတဲ့ ငါ……)

အတုန်းအရုန်း ကျဆုံးနေပါရစေ

(အခွင့်ပေးပါ………..)

နတ်သမီးခြေဖ၀ါးမှာ

ကျွန်တော့်ရင်ခုန်သံတွေ အစီအရီခြွေချထားပါတယ်

အခ,စားပျက်ကွက်တဲ့ဒီငမိုက်သားကို

တစ်ရှိုက်မက်မက်နမ်းခွင့် အပြစ်ပေးပါ

(တိုးတိတ်စွာ တောင်းဆိုမိပါတယ်…..)

အလွမ်းဆိုတာတွေလည်း

စာတစ်တန် ပေတစ်ဖွဲ့ နားလည်တတ်ခဲ့ပါပြီ

မလွမ်းတတ်တဲ့ ဒီလူကို

နင် ကြည်ကြည်ဖြူဖြူ သင်ယူပေးနိုင်ခဲ့ပါရဲ့

ဒီရင်ခွင်အရိုင်းအစိုင်းလေး

(တိုင်းသိ ပြည်သိ……)

လွမ်းနေခဲ့မိပါပြီ……………………

စကားလုံးတွေဆွံ့ အ နေမိအောင်ကတိုက်ကရိုက်ဆန်မယ်

ခုန်နေတဲ့ရင်ဘတ်ကို မတားပါနဲ့ တော့

(မရတော့ဘူး…….)

နတ်သမီးလေးရေ………

ခုန်နေတဲ့ ကျွန်တော့်ရင်ဘတ်ကို မတားပါနဲ့ တော့

……….

   ………………

      တော့…………………

             ဘူး……………………………

                  ဗျာ…………………………………..။

 

                                                                 မိုးထက်အောင်

 

 

In: ကဗျာ Posted By: Date: Apr 6, 2011
Comment #1

တားဝူးးး
အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Apr 6, 2011
Comment #2

ကျေးဇူးတင်ပါတယ်…… 🙂

commentinfo By: moehtetaung18 at Apr 6, 2011
Comment #3

ခုန်နေတဲ့ ရင်ဘတ်ကို မတားပါနဲ့
မရတော့ဘူး ။။
လာဖတ် ခံစား အားပေးသွားသည် ။

commentinfo By: gadounlay at Apr 6, 2011
Comment #4

ကျေးဇူးတင်ပါတယ်…..

commentinfo By: moehtetaung18 at Apr 6, 2011
Comment #5

လွင့်ကနဲဆံနွယ်နဲ့ ခပ်ဟဟရယ်သံ

နင့်ပါးပြင်လေး ခပ်ဖွဖွငေးမောနေရုံနဲ့ 

ငါသိပ်ချစ်နေတတ်ခဲ့ပါပြီ

အလွမ်းဆိုတာတွေလည်း

စာတစ်တန် ပေတစ်ဖွဲ့ နားလည်တတ်ခဲ့ပါပြီ

မလွမ်းတတ်တဲ့ ဒီလူကို

နင် ကြည်ကြည်ဖြူဖြူ သင်ယူပေးနိုင်ခဲ့ပါရဲ့

ဒီရင်ခွင်အရိုင်းအစိုင်းလေး

(တိုင်းသိ ပြည်သိ……)

လွမ်းနေခဲ့မိပါပြီ……………………

ခံစားချက်တွေအရမ်းနူးညံ့တယ်ဗျာ…..လေးစားပါတယ်….။

commentinfo By: terry at Apr 7, 2011
Comment #6

Don’t stop my heart beat . Ilike it …..

commentinfo By: Pi Pi at Apr 8, 2011
Comment #7

har,,,,,,,,,,,
lu le lay pe….
thu bar tar thu pyat kwat de,,,\
a pyit so tar le ti de,,,\
dar tar taung hma taung like de pyit dan ka taw taw chit phoe kaung de naw.
tay char sin sar par ong lar loh?
a yan nit nar nay me naw.

commentinfo By: ei lay at Aug 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment