Professional Authors

နေကိုထမ်း လွမ်းနေရတဲ့သူ

ကောင်မလေးရေ……..
ကောင်းကင်ဘာကြောင့်ပြာပြာပါ
နင့်ကိုငါချစ်တာကတော့
ဘယ်ကမ္ဘာကလူမှ မှီမှာမဟုတ်ပါဘူး
(မခိုင်းနှိုင်းပါနဲ့ ……..)
ငါ့ရာဇ၀င် ရိုင်းစိုင်းသွားမှာစိုးလို့ ပါ……….
…………………………………………………..

ကောင်မလေးရေ………
ငါဆိုတာက နင့်အတွက်တော့
အရေးကြီးခွင်ကျယ်မဟုတ်ခဲ့ရပါဘူး
ပြုံးရင်းငိုတတ်တဲ့ သီချင်းသည်
နင့်အချစ် ငယ်ငယ်လေးနဲ့ ပဲ
ပတ်သက်ခွင့်ပြုပါ…………
…………………………………………………….

ကောင်မလေးရေ……….
မိုးနဲ့ ဆောင်း
ခွဲခြားလို့ ကောင်းနေတုန်းမှာပဲ
ဟော………….
………………………………..
ပင်လယ်တွေခန်းခြောက်
ငါ့ဘ၀နွေရောက်ခဲ့တယ်……..
……………………………………..
လောင်လိုက် ကျွမ်းလိုက်
ပြီးတော့……..
…………………………….
လွမ်းလိုက်နဲ့ ပေါ့…..
…………………………………………………….

ကောင်မလေးရေ……..
နေမြင့်လေ အလွမ်းရင့်လေပါ
နင်မပါတဲ့ လမ်း ခပ်ကြမ်းကြမ်းဖြတ်လျှောက်
(ဟောဒီ့ ရင်ခွင်အထက်……)
နေကိုထမ်းပြီး လွမ်းနေရတဲ့သူပါ
(ရှာကြည့်လိုက်ပါဦး……..)
ငါလိုလူ နောက်ထပ်ဘယ်သူများရှိနေဦးမှာလဲ…….
…………………………………………………………………

ကောင်မလေးရေ…….
………………………………..
ကောင်မလေးရေ…….
…………………………………….
ငါ့ချစ်သူ ကောင်မလေးရေ…..
……………………………………………
(မခိုင်းနှိုင်းပါနဲ့ ……..)
ငါ့ရာဇ၀င် ရိုင်းစိုင်းသွားမှာစိုးလို့ ပါ……….
…………………………………………………..
ပြုံးရင်ငိုတတ်တဲ့ သီချင်းသည်
နင့်အချစ် ငယ်ငယ်လေးနဲ့ ပဲ
ပတ်သက်ခွင့်ပြုပါ…………
…………………………………………………….
လောင်လိုက် ကျွမ်းလိုက်
ပြီးတော့……..
…………………………….
လွမ်းလိုက်နဲ့ ပေါ့…..
…………………………………………………….
(ဟောဒီ့ ရင်ခွင်အထက်……)
နေကိုထမ်းပြီး လွမ်းနေရတဲ့သူပါ
(ရှာကြည့်လိုက်ပါဦး……..)
ငါလိုလူ နောက်ထပ်ဘယ်သူများရှိနေဦးမှာလဲ…….
…………………………………………………………………
ပြော………..
နောက် ထပ်……
ဘယ်သူများရှိဦးမှာလဲ
………………


ကောင်မလေးရေ……..

………..

ကောင်မလေးရေ……..

……………………………..

ကျွန်တော့်ချစ်သူ ကောင်မလေးရေ…….

………………………………………………..။                       ။

    
(မိုးထက်အောင် နေကိုထမ်းလွမ်းနေရတဲ့သူ ကဗျာ ပြီးပြီ)

In: ကဗျာ Posted By: Date: Nov 24, 2010
Comment #1

အဲလိုလုပ်ပါဗျ။

commentinfo By: ကိုဇင် at Nov 25, 2010
Comment #2

ကျေးဇူးတင်ပါတယ်ဗျ…….:)

commentinfo By: moehtetaung18 at Nov 25, 2010
Comment #3

ကောင်မလေးရေ……..
နေမြင့်လေ အလွမ်းရင့်လေပါ
နင်မပါတဲ့ လမ်း ခပ်ကြမ်းကြမ်းဖြတ်လျှောက်
(ဟောဒီ့ ရင်ခွင်အထက်……)
နေကိုထမ်းပြီး လွမ်းနေရတဲ့သူပါ
(ရှာကြည့်လိုက်ပါဦး……..)
ငါလိုလူ နောက်ထပ်ဘယ်သူများရှိနေဦးမှာလဲ…….
……………………………………………………………

ရင်ထဲငြိမိတဲ့ကဗျာလေးပါ။ ကြိုက်ပါ၏။ ကောင်းပါ၏။ 🙂

commentinfo By: moezat at Nov 25, 2010
Comment #4

D lo pe`…poem writer man tway ka talky kg kya tal..p tot….
thu toh pe`…………………………

commentinfo By: natthameelay at Nov 25, 2010
Comment #5

ကျေးဇူးတင်ပါတယ် အစ်ကိုကိုဇင်န့ဲအစ်ကိုမိုးဇက်ရေ………ကဗျာရေးတဲ့သူတွေကအပြောကောင်းတိုင်း
အရေးကောင်းတိုင်း …………….အဲလိုမဟုတ်ပါဘူးနတ်သမီးရေ……နားလည်ပေးပါဗျာ
စကားကိုအဲလိုဖြတ်မထားပါနဲ့ …….ကဗျာရေးတဲ့ သူတွေအတွက်အန္တရာယ်ကြီးလွန်းလို့ ပါဗျာ……:)

commentinfo By: moehetaung18 at Nov 25, 2010
Comment #6

အစ်ကို မိုးထက် ကောင်းလှချည်လားဗျာ . . အားလုံး ၀င်ဖတ်သွားတယ် . . လေးစားတယ်ဗျာ . . ဒီထက် ပိုများများ ရေးနိုင်ပါစေဗျာ . . အစ်ကို့ ကဗျာတွေ ဖတ်ပြီး ကျွန်တော် သိမ်ငယ်သွားတယ်ဗျာ . .

commentinfo By: butterfly at Nov 26, 2010
Comment #7

အားပေးတဲ့ အတွက်အရမ်းကျေးဇူးတင်ပါတယ် အစ်ကိုButtetrfly ရေ…..
အလောက်ကြီးတော့မြှောက်မပြောပါနဲ့ ခင်ဗျာ…..ကျွန်တော်ဆိုတာကလည်းအစ်ကိုပြောသလို
လူထဲကလူတစ်ယောက်လောက်ပါပဲခင်ဗျာ…..ဟုတ်ဘူးလား….:)

commentinfo By: moehetaung18 at Nov 26, 2010
Comment #8

ဟုတ်ဝူး 😛

commentinfo By: အသဲကွဲမိုး at Jun 7, 2011
Comment #9

…………………………………………………….
(ဟောဒီ့ ရင်ခွင်အထက်……)
နေကိုထမ်းပြီး လွမ်းနေရတဲ့သူပါ
(ရှာကြည့်လိုက်ပါဦး……..)
ငါလိုလူ နောက်ထပ်ဘယ်သူများရှိနေဦးမှာလဲ…….
………………………………………………………………

commentinfo By: မာန်ခက်ဝင့် at Feb 11, 2013
Comment #10

R lar lar
Talkies tway ka a yann kaung de.
Ideas tway ko a yann laee sarr de.
Sa kar lone yway che tat like pone myar ma nar lo sa yar g par lar naw.
🙂

commentinfo By: ei lay at Mar 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment