Professional Authors

အမှာစာ၊အမှာစား၊အမှားစာ

အမှာစာ၊အမှာစား၊အမှားစာ


အခန်းထဲ တစ်ယောက်ထဲနေရင်းက နှစ်ယောက်ဖြစ်လာ။
ကြာတော့လည်းမေ့မှာပါ…မူးမှမေ့မှာ…အသက်ပျောက်မှ အသောက်ပျက်မှာပေါ့
!_! 🙁 🙁 🙁 SOAB… …………ကျွန်တော်ဂျင်းထည့်ခံလိုက်ရပါတယ်၊
ကျွန်တော် ဘွတ်စမန် သိပ်ခံလိုက်ရပါတယ်၊
အတ္တဟာ ဘဝင်မြင့်မှုကို သာယာတတ်ပေမယ့် မာနကို မုန်းတယ်မေမေ။ YYSSW
ဝိဥာဉ်ဟာ ကိန်းသေတစ်ခုရဲ့ ဖြစ်တည်မှုထိ ထိုးမဆင်းရဲသေးဘူး၊
သရ၊ ဗျည်း ၊ အုအီအုအားအား သည် မန်ကျည်းဖျော်ရည်ကြော်ငြာသာဖြစ်ကြောင်း
ဘာမှလည်းမသရကြောင်း ဘာမှလည်း မဗျည်းကြောင်း၊
ပြူးတူးပြဲတဲ၊ဗျူးတူးဗြဲတဲ၊ ဗျည်း…….ဗျူး…..ဗြဲ…..
ဗြွတ်……..BUBU…….FU…..SOAB…….
ဒီမှာပြည့်စုံ…ချမ်းသာလိုက်တာတဲ့လားဗျာ…ကျုပ်အတွင်းပိုင်းပုတ်အဲ့လှိုက်စားနေပြီ….FFS….XOXOXO
ရိရွဲချွဲပျစ်ပျစ် ဂျီနိုဆိုက်တွေ လေးအိပျစ်တွဲပြိုကျ၊
မိုးရေကို လက်နဲ့  အသပ်မှာ ဘဝနာသွားပုံရတယ်။
တစ်ခုတော့ရှိတယ် တစ်ယောက်တစ်ဝက်စား၊ ဝက်သားတုံးကြီးလက်သီးဆုတ်သဏ္ဍာန်
လက်သီးဆုတ်ကြီး ဝက်သားတုံးသဏ္ဍာန်၊စာကလေးကြော်များ၊ဆီထမင်းများ၊နားယဉ်ကျေးမှုများ
နားရှိလို့ သာယုံ ၊ ကြားလို့ ယုံတာမဟုတ်၊
အဆင့်မြင့်ယုံကြည်သက်ဝင်မှုများ၊ ချက်တော်ကိုလက်တော်နှင့်ဝိုင်း၍
ပရီးမီးယားလိဂ် အင်တာတိတ်မန့် ဖြစ်မဖြစ်
မော်ရင်ညို အင်တာတိတ်မန့် ဖြစ်မဖြစ်၊
ထုံးရည်ကြည်ဖြင့် အပျိုရည်ပြုလုပ်နည်း၊ software ကတော့ update ပဲ ကိုရင်ရေ….
လွှတ်သဗျိုး……ဟောတစ်ယောက်..ဟောတစ်ယောက်…..
သေချာလား………….
ကျုပ်တို့ ဘဝမှာ ဝင်စို့ ထွက်စို့ ခဏခဏရလား..
သေချာပြီလား….၊
အဲ….ငါပြောတာ ဘယ်ရောက်သွားပါလိမ့်၊
အမေ..ကျွန်တော်ကျောင်းဘာလို့ နေရတာလဲ???????????????
ဟဲ့ ခွေးမဖြစ်အောင်ပေါ့၊…….ခွပ်……
SUX……..ပြွတ်………ပြွတ်……ပြွတ်……
ဘယ်မှာလုပ်တယ်ဆိုတာထက် ဘာလို့ လုပ်တယ်ဆိုတာထက်
ဘယ်လိုလုပ်တယ်ဆိုတာ စိတ်ဝင်စားကြပါ။
အမေ မနေရတော့ဘူးသား……………(…..)
………………………………………….(ဂလုနဲ့  ခပ်ဆင်ဆင်တူသော တံတွေးမြိုချသံ)
………………………………………….(ကျွန်တော်ရေးမပြတတ်တဲ့  မျက်ရည်ကျသံ)
(ဇာတ်ဝင်ခန်း)(ဇာတ်ထွက်ခန်း)(ဇာတ်နာခန်း)
ကျုပ်ဘဝမှာ အရေးတကြီးလိုအပ်နေတာက သီတင်းခဏခဏကျွတ်တတ်ဖို့ နဲ့
ခဏခဏသေပြတတ်ဖို့ ၊ မာန်နတ်ဟာ ရုပ်ဖြောင့်မဖြောင့်၊
သူ့ ကို iPhone ပေးပြီး လက်နဲ့ ရွေ့ ခိုင်း၊ ကိုယ်ကလည်း လက်ကိုရွေ့ ၊
လျစ်လျူပြုမှုဟာ iPhone နဲ့  တိုက်ရိုက်အချိုးကျကြောင်း
ရှာဖွေတွေ့ရှိ…………..:):):):):)………
……….( ငါး ခေါက် တိ တိ ပြုံး )

ရေးသူ= နေမြဲ

Friday Endings Poetry Beach

In: ကဗျာ Posted By: Date: Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment