Professional Authors

ရက် ၆၀ အလို

ရက် ၆၀ အလို

‘ဒီနှစ်ထဲမှာ ဘာမွေးနေ့လက်ဆောင်မှမလိုချင်ဘူး
တကယ်တော့ ကျွန်မအသက်ရှင်နေရတာ မတော်တဆဖြစ်မှု့သက်သက်ပဲ
အဲ့ဒီတုန်းက ကျွန်မကိုကျွန်မဖြစ်တဲ့နည်းနဲ့ ပျော်ပျော်ပါးပါး သတ်သေပစ်လိုက်မိမှာပဲ…’ဆိုပြီး
ဆစ်လ်ဗီယာရေးထားတာကစိတ်ထဲစွဲနေတယ်
သူက သူချစ်ရတဲ့သူဆီက သူ့ကိုသစ္စာမရှိတဲ့သူဆီက သူ့ကိုငြီးငွေ့သွားတဲ့သူဆီက
မွေးနေ့လက်ဆောင်ကို သေမလို လိုချင်နေပုံပဲ
အခုနင့်မွေးနေ့ရောက်ဖို့ ရက်၆၀ပဲလိုတော့တယ်
ပြောရရင် ငါ့အတွက်တော့နင့်ရဲ့ပထမဆုံး မွေးနေ့ပေါ့…

ရှုပ်ထွေးနေတယ်နော် နင်သိထားတဲ့ ငါ့ရဲ့ပုံစံကသိပ်နားလည်ရခက်တယ်
တကယ်လည်းဘာမှန်းမသိတာတွေပဲရှိတယ်
နင့်မွေးနေ့ကျရင် နင်ငါ့ကိုသိမလား
ငါ့ဆီကတစ်ခုခုမျှော်နေမလား
ဒါမှမဟုတ် ငါက အလကားအမှိုက်ပဲဖြစ်နေမလား…

ခက်ခဲနေတယ်နင်သိထားတဲ့ ငါကရူးနေတယ်
တကယ်လည်း စိတ်မမှန်ထိန်းနိုင်တာတွေပဲရှိတယ်
ဖြစ်လာရအောင်ကော်ဖြစ်မှာလား
ဘာမှမဖြစ်သလိုပဲပြီးသွားမှာလား
လူတွေပြောသလိုပဲပြောမှာလား
လွန်နေတာကငါပဲဖြစ်မှာပါ
ဒါကလည်း အဲ့ဒီလို အသုံးမကျမှု့တွေထဲက
အသုံးမကျမှု့တစ်ခုပါပဲ…။…။

၂၃.၂.၂၀၁၁
မြေနံ့

In: ကဗျာ Posted By: Date: Mar 2, 2012
Comment #1

မြေနံ့ရေ . . .
ရေးဟန်ကို ကြိုက်တယ်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Mar 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment