Professional Authors

သူပြောခဲ့သလား ကိုယ့်အကြောင်း

ပတ္တိဒါနတွေ ဝေမျှဖို့ ခက်ခဲနေကြောင်း
အရဟံဆိုတာ ဈေးကွက်ချဲ့ထွင်တဲ့ ဆောင်ပုဒ်ဖြစ်တဲ့အကြောင်း
After Ann ရဲ့ ခက်ခဲမှုအကြောင်း
အန့်တဗျု စွဲသွားမှုအကြောင်း
စာရေးဖို့ လက်ကိုမသုံးတော့တဲ့အကြောင်း
Gorgeous ဖြစ်တဲ့အာရှသူတချို့အကြောင်း
မှန်အောင်မဆိုတတ်သေးတဲ့ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း သီချင်းအကြောင်း
အဓိပ္ပါယ်ဖော်မရတဲ့ ကဗျာတွေအကြောင်း
သုံးလေ့မရှိတဲ့ မင်အမည်း ဘောပင်တွေအကြောင်း


….
….
…..
…..

အားလုံးပြီးတော့ ကိုယ့်အကြောင်း
သူတို့ပြောလား ကိုယ်ပြောလား
ပန်းပုရုပ်ဖြစ်ဖို့ ဖဲ့ထုတ်ခံခဲ့ရတဲ့ သစ်စတို့ရေ ။

ရွှေနဒီ

In: ကဗျာ Posted By: Date: Apr 3, 2013
Comment #1

ကဗျတွေ သတ်ပုံမှားတဲ့အကြောင်းရောရှိသေးတယ် ဟိဟိ

commentinfo By: မေပျို at Apr 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment