Professional Authors

စွန့်လွှတ်ခြင်းသက်သက်ပါ….

နှစ်ကိုယ်တူ…ကြည်ဖြူစွာ
ချစ်ခဲ့ကြတုန်းတော့
မိုးမမြင်လေမမြင်ပေါ့…..
ကြားလေသွေးလို့တောင် မယိမ်းခဲ့တဲ့ တို့ဘ၀တွေ
ချစ်သူနှစ်ဦးတွေ့မိချိန်တိုင်း ပျော်ရွှင်မဆုံးပေါ့….
မှုန်ရီမှိုင်းနေတဲ့ တိမ်ဆိုင်တွေတောင်
တို့နှစ်ဦးရဲ့ ပျော်မြူးခြင်းထဲ
လိုက်ပါစီးဆီးရင်းနဲ့…
တောက်ပတဲ့ အလင်းရောင်တချို့ကိုတောင်
အချစ်လက်ဆောင်အဖြစ်ပေးခဲ့သေးတယ်..
သဘောထားဆိုတဲ့ အတိမ်အနက်ကို
လုံလုံလောက်လောက်နားမလည်နိုင်ခဲ့လို့လား
ဂုဏ်ဒြပ်တွေရဲ့ ခိုင်းနှိုင်းခြင်းကြောင့်လား
တို့နှစ်ဦးရဲ့ အချစ်…လွင့်ပျောက်ဖို့ ပြုလာတယ်..
ငါလေ…အရာရာကို အကောင်းတိုင်းမြင်ခဲ့လို့
ငြူစူခြင်းတောင် မပြုခဲ့ပါဘူး….
ပြင်မရတဲ့အမှားတစ်ခုကို….သေသေချာချာ မင်း မစဉ်းစားခဲ့လို့လား
ငါ့ရဲ့ ချို့ယွင်းချက်ကြောင့်လား….
ဝေဖန်သုံးသပ်ဖို့တောင် အချိန်လေး မပေးခဲ့တဲ့
ဒီ ခဏတာအတွင်းမှာပဲ..
ငါ့ရဲ့ အချစ်တွေ..မင်းရဲ့
ပကာသန မက်မောမှုထဲ မလိုက်ပါနိုင်ခဲ့လို့လား..
မင်းငါ့ကို လှလှပပလေး..စွန့်ခွာခဲ့တယ်နော်..
ငါ မသိလိုက်ပါဘူး…
မင်းစိတ်ထဲစွဲနေမှာပေါ့……
ငါ နုံအ ခဲ့တယ်…
မင်းစိတ်ထဲစွဲနေမှာပေါ့..
ငါ စွံအ နေခဲ့တယ်..
မင်းစိတ်ထဲ စွဲနေမှာပေါ့..
တကယ်တော့….ငါဟာလေ..
ကြီးမြတ်တဲ့အချစ်ကို ကိုးကွယ်မိသူတစ်ယောက်ပါ
ပုံအပ်ပြီးချစ်ခဲ့ပေမဲ့…
ငါ ပြန်ရလိုက်တာက
မင်းရဲ့ ပကာသန ခွဲခြားမှုအောက်မှာ
ကျရှုံးခဲ့ရလို့……
မင်းအတွက်..ငါ့ အချစ်ကို
ငါစတေးခဲ့ရတာပါကွာ…
တကယ်တော့…..
မင်း စိတ်ပြောင်းလို့..
ငါ့ရင်ခွင်ကို ခုံလှုံမယ်ဆိုရင်လေ..
ငါ ……
လောကကြီးကို ..အော်ဟစ်ပြီးပြောလိုက်ချင်ပါတယ်.
ဘယ်သူတွေဘာပြောပြော..
ကျွန်တော့်ချစ်သူကို
ကျွန်တော် စွန့်လွှတ်ခြင်းနဲ့….စွဲမြဲစွာ
ချစ်ခဲ့တယ်လို့ အော်ဟစ်မိမှာပဲ……
(ဒဏ်ရာ)

In: ကဗျာ,ဂျူး Posted By: Date: Nov 24, 2010
Comment #1

ဆက်ရေးပါနော်……… ကောင်းလိုက်တာ….

commentinfo By: May Kha at Dec 15, 2010
Comment #2

အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…
နောက်လဲ ခံစားမှုအကောင်းဆုံးနဲ့ရေးဖွဲ့သီကုံးထားတဲ့ ကဗျာများကိုလဲ
ထပ်တင်ပေးပါဦးမယ်…..အားပေးပါဦး…..
(ဒဏ်ရာ)

commentinfo By: ဒဏ်ရာ at Dec 15, 2010
Comment #3

ဒီကဗျာထဲမှာလေ အကြိုက်ဆုံးက
“သဘောထားဆိုတဲ့ အတိမ်အနက်ကို
လုံလုံလောက်လောက်နားမလည်နိုင်ခဲ့လို့လား
ဂုဏ်ဒြပ်တွေရဲ့ ခိုင်းနှိုင်းခြင်းကြောင့်လား
တို့နှစ်ဦးရဲ့ အချစ်…လွင့်ပျောက်ဖို့ ပြုလာတယ်..
ငါလေ…အရာရာကို အကောင်းတိုင်းမြင်ခဲ့လို့
ငြူစူခြင်းတောင် မပြုခဲ့ပါဘူး….”

commentinfo By: mz4jun at Apr 25, 2011
Comment #4

တကယ်တော့…..
မင်း စိတ်ပြောင်းလို့..
ငါ့ရင်ခွင်ကို ခုံလှုံမယ်ဆိုရင်လေ..
ငါ ……
လောကကြီးကို ..အော်ဟစ်ပြီးပြောလိုက်ချင်ပါတယ်.
ဘယ်သူတွေဘာပြောပြော..
ကျွန်တော့်ချစ်သူကို
ကျွန်တော် စွန့်လွှတ်ခြင်းနဲ့….စွဲမြဲစွာ
ချစ်ခဲ့တယ်လို့ အော်ဟစ်မိမှာပဲ……

commentinfo By: May Kha at Aug 3, 2011
Comment #5

ခံစားချက်​နဲ့အရမ်း တိုက်​ဆိုလို့ အရမ်းခံစားရတယ်​ဗျာ တစ်​ပုဒ်​လုံးကြိုက်​တယ်​ ကြိုးကြာ ဆိုတဲ့​ကောင်​မ​လေးတစ်​​ယောက်​နဲ့ လမ်းခွဲလိုက်​ရလို့ ခုအချိန်​မှာ အရမ်းခံစား​နေရတယ်​ဗျာ သူသာသိနိုင်​မယ်​ဆိုရင်​ ဒီကဗျာ​လေးနဲ့ပဲ​ပြောလိုက်​ချင်​ပါတယ်​…………

commentinfo By: ပြည့်​ဖြိုး​အောင်​ at Aug 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment