Professional Authors

အစွန့်ပစ်ခံ မိုးတိမ် (နှောင်ကြိုးသစ်)

မင်းငါ့အတွက်အမုန်းတွေ

မွေးဖွားပေးတဲ့နေ့

ငါလွင့်ကျခဲ့…..

ငါ့ရဲ့အနမ်းသံစဉ်တွေ

မင်းအတွက် သာယာမှု

မပေးနိုင်ခဲ့တော့….

ကံကြမ္မာလက်ဝါးချက်အောက်

အလူးအလဲ ကတ်ကတ်လန်

ခံစားခဲ့ရတဲ့ ငါဟာလေ

ကာရန်စွဲတဲ့ အတိတ်ရင်ခွင်မှာ

မင်း နှစ်သိမ့်တဲ့ စကားလုံးတွေအောက်

ပျော်ဝင်နေခဲ့ရဲ့….

အခုတော့ ရာသီတွေ

ပဉ္စလက် တတ်ကုန်လို့

မင်းကို စိတ်ထားပြောင်းလိုက်ရဲ့

ငါ့မျက်ရည်တေးသွားမှာ

မင်း ကခုန်တတ်နေပြီ….

မင်းရဲ့ ”ကကြိုး” တွေကုန်ဆုံးသွားရင်

မလွမ်းတဲ့ဆေးလေး

ပေးသွားပါချစ်သူ….

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

ငါ့မျက်ရည်တေးသွားမှာ

မင်း ကခုန်တတ်နေပြီ….
စာသားလေးမိုက်တယ်ဗျ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 22, 2011
Comment #2

ကျေးဇူးပဲpoem အကို့ကဗျာကို ခံစားပေးလို့

commentinfo By: G.T13 at Aug 22, 2011
Comment #3

nice,

commentinfo By: ei lay at Aug 22, 2011
Comment #4

ti yin ei lay ko le pyaw pya par naw.

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment