Professional Authors

ရှင်းတမ်း

အမှတ်မရှိတဲ့ ငါ
အထပ်ထပ် အထိနာခဲ့တာတောင်
ရင် မှာ တသသ နဲ့
မှန်း တစစ ဖြစ်နေပါလား . . .။

မင်း ပြောခဲ့ တဲ့ စကား
အသဲ ကြားမှာ တဆတ်ဆတ် နာနေတုန်းပဲ ။ ။ ။

သံယောဇဉ် မကုန်သေးတော့လည်း
တိတ်တဆိတ် နဲ့ ကြိတ်မှိတ် လို့ ဆက်ပြီး ခံစားခွင့် ပြုပါ . . .။

ဟုတ်ပါတယ် . . .
မင်း ပြောသလို ငါ ဟာ အညတရ
ဝေးခဲ့ရင်တောင် လွမ်း လောက်စရာ
တသသ မရှိပါဘူး . . .

မင်း သိတာက ရော ပကာသန သက်သက် ပဲလား ။ ။ ။

တချိန်ချိန်မှာ
မင်း မက်မောတဲ့  ပကာသန
ရှင်းလင်း ကာခဝါ ချပြီး
ငါ့ ရှေ့ သို့ အရောက်
ဒူးထောက်လို့ ရောက်ခဲ့ ၇င်တောင်
ခွင့်လွှတ်မယ် မထင်နဲ့ . . .

သံသရာ တကွေ့ မှာတောင်
ပြန်ဆုံ ကာ မတွေ့ပါရစေနဲ့လို့ ဆုတောင်းရင်း
မင်း နဲ့ ပတ်သတ်ဖူးတဲ့ အသဲ တခြမ်း ကို
ငါ ကိုယ်တိုင် လောင်တိုက်သွင်းလို့
သဂြိုဟ်လိုက်မယ်
စိတ်နာလွန်းလို့ . . . ။ ။ ။

In: ကဗျာ Posted By: Date: Aug 27, 2011
Comment #1

သံသရာ တကွေ့ မှာတောင်
ပြန်ဆုံ ကာ မတွေ့ပါရစေနဲ့လို့ ဆုတောင်းရင်း
မင်း နဲ့ ပတ်သတ်ဖူးတဲ့ အသဲ တခြမ်း ကို
ငါ ကိုယ်တိုင် လောင်တိုက်လွန်းလို့
သဂြိုဟ်လိုက်မယ်
စိတ်နာလွန်းလို့ . . . ။ ။ ။

ကောင်းပါတယ်
ကဗျာသိပ်မရှည်ရင်ပိုလို့တောင်………..
ကောင်းပါတယ်

commentinfo By: virus at Aug 27, 2011
Comment #2

thks………ပါ…အခုလို ဝေဖန်ပေးတဲ့ အတွက်….

commentinfo By: myohtet at Aug 27, 2011
Comment #3

a yae a tar tway ka a yan mike de.

aww..
doke kha,,doke kha,,,
a chit,,,a chit,,,
daw daw pu laung tar pe naw.
ma tay khin chit chit khin khin lay nay twar loh ya yin taw taw kaung hmar pe naw.

commentinfo By: ei lay at Aug 27, 2011
Comment #4

ရင်ဘတ်ရှင်းတမ်းပေါ့ မိုက်တယ်ဗျာ အားပေးသွားတယ် ။

commentinfo By: X - ray at Aug 30, 2011
Comment #5

သူ့ရည်းစားဟောင်းကြီးအကြောင်းရေးတာများမသိတာမှတ်လို့…..ဘာပဲဖြစ်ဖြစ်ကဗျာလေးကကောင်းပါတယ်…

commentinfo By: justjust at Oct 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment