Professional Authors

လူငယ်တွေပါ

ဆန်းတယ် လန်းတယ် တွေးပုံခေါ်ပုံ အလုံးစုံရယ်
ဘုံဘ၀ ဆုံလာသမျှ ရင်မတုန် ရင်ခုန်ခဲ့ကြ
လူဖြစ်ရတဲ့ဒုက္ခဆိုတာ မျိုးကျော့မြိုင်သီချင်းပါကွာလို့
သူတို့ မင်းကို လေချွန်ပြရင်း
ချစ်ခြင်းဟာ ရွှေတကာ့ရွှေ ဖြစ်တဲ့အကြောင်း
သူငယ်ချင်းကောင်း ယောက်ဖတို့ရေ
ပုံသေကားချပ်မှာ လှေနံဓါးထစ်ထားသမျှ ထားပစ်ခဲ့ကြပြီ
အသစ်နဲ့ အစစ်ကို ချစ်ခြင်းမေတ္တာလို
အမြတ်တနိုး ရင်ဝယ်ပိုက်ထားကြပုံ။

In: ကဗျာ Posted By: Date: Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment