Professional Authors

သိမရှိ ရှိမသိ – နရီထက်

လက်ထဲမှာ ပြန်ဖြေတော့
မရှိ ငါ့ကမျက်လှည့်ဆရာမဟုတ်ခဲ့ပါ

လှပတဲ့ သဘာဝ
ပန်းကလေးတွေ ဖူးဖွင့်ဝေဆာ
ရှိခြင်းကို မသိခဲ့တဲ့ ငါ

စမ်းရေလေးတွေ အေးမြ
နားခိုခဲ့ရာ မြေသစ်တစ်နေရာ
မသိခြင်း ယနေ့ အထိပဲလား

လေပြေလေးတွေ သယ်ဆောင်
သူတို့အကြောင်း ကိုယ်တို့အကြောင်း
ရှိခြင်းထက် ကျော်လွန်လာသလား

နာမည်ကျော်စာအုပ်တစ်အုပ်
ဈေးကြီးပေးဝယ်ခဲ့တယ်
စုတ်ပြဲပျက်စီးတော့ ဒီစာအုပ်
တန်ဘိုးတွေ တက်နေအုန်းမလား

အရိပ်တွေပေး ဒီပင်အိုလေး
နားခိုခဲ့ နှစ်လကြာ
ပျိုးယက်ခဲ့သူ ရှိခဲ့သူကို
ငါ မသိလေးခဲ့သလား

သမိုင်းတွင်ခဲ့ နာမည်ကျော်တွေ
ရေးခဲ့သူရှိ ငါသိချင်သည်
သူတို့တွေ ဇာတ်လမ်း
အကုန်အပြည့်ရေးခဲ့တာတွေ
ရှိခဲ့လေသလား

မိုးရွာနေပြီး
ထယ်ပျိုးဖို့ စပါးတွေ နိုင်နိုင်ကျဲခဲ့တယ်
ငါသိချင်သည်
အရှိအတိုင်း စပါးတွေ အောင်မြင်ခဲ့မှာလား

လိုရာဆွဲတွေး ဆွဲဆန့်ကာထား
ပုံကြီးကာချဲ့ ပြောင်းပြန်ရှုပ်ယှက်
ရှိခြင်းတွေ မရှိခြင်းတွေ
မသိခြင်းတွေ သိခြင်းတွေ
ဆက်ဖြစ်နေအုန်းမှာပဲလေး။     ။

နရီထက်
( ၂၀ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment