Professional Authors

တိမ်ဖျော့

ငါ့မိုးတွေလည်း သဲနေပြီ…
အိမ်ပြန်ချိန်နဲ့ နေ၀င်ချိန်က ဒွန်တွဲ
ငါလည်း အမြဲစိုးရွံ့နေဆဲပါဘဲ..
နှုတ်မဆက်ချင်ဘူး ကလေးရယ်
တစ်ကွက်စာ ရှင်သန်ခဲ့တဲ့
လောင်းရိပ်မှာ အတူနေရလောက်အောင်
ငါတို့လက်တွေ မခိုင်မြဲခဲ့ပြန်ဘူး…
တကယ်တော့
မိုးရာသီရဲ့ ပညတ်တော်ထဲမှာ
တို့ဝေးမယ့်အကြောင်းတွေပါလာမှာကို
မတွေးခဲ့မိတာကိုက ငါ့အပြစ်..
ပထမ မဟုတ်တဲ့ ခြေလှမ်းတွေ အကြိမ်ကြိမ်တိုး
ရိုက်ချိုးရုံကလွဲလို့ နာကျင်မှုက အထိမနာ
မသိမသာနဲ့ ငါဆက်တိုး
နစ်လို့ရုန်းနေတာ မဟုတ်
ရုန်းလို့နစ်နေတာ..
မုန်းဖို့နင့်ခြေရာတွေ ရှာမိပါသေးရဲ့
အချိန်အတော်ကြာပြီပေါ့..
အခုတော့လည်း မျှော်လင့်ခြင်းတွေ
ဘောင်ကွပ်ပြီး အရောင်စွတ်ဖို့
စုတ်ချက်မညီတဲ့ တိမ်အချို့ကို
ကြိမ်တို့လို့ ရှာလိုက်ဦးမယ်………………

In: ကဗျာ Posted By: Date: Nov 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment