Professional Authors

လား ?

ချစ်သူရေ….

နေမကောင်းဖြစ်နေတယ်ဆို ကောင်းသွားပြီလား

သင်တန်းကစာတွေကိုကော လိုက်နိုင်ပါရဲ့လား

အလုပ်ထဲမှာကော အဆင်ပြေနေပါရဲ့လား

ကို့ကိုကော အရင်လိုသတိတွေရနေပါသေးရဲ့လား

ဖားမတွေနဲ့ကိုချစ်သွားမှာကိုကော ဆိုးရိမ်နေပါသေးရဲ့လား

ဆေးလိပ်ကြောင့်ကိုရောဂါရသွားမှာကိုကော ဆိုးရိမ်နေပါသေးရဲ့လား

ကို့ရဲ့အပေါ်ကို အရင်လိုကောချစ်နေပါသေးရဲ့လား

မင်းကို ဥပေက္ခာပြုထားခဲ့တဲ့နေ့ရက်တွေအတွက်ကော ခွင့်လွတ်နေပါသေးရဲ့လား

ပို့ပေးလိုက်မဲ့ ” ကြိုနေစေချင်တယ် “သီချင်းကိုကော ရင်ခုန်စွာနားဆင်နိုင်ပါ့မလား

ကိုယ့်ချစ်သူအတွက် ခွန်အားဖြစ်နွေးထွေးသွားစေဘို့

ချစ်ခြင်းမေတ္တာအငွေ့ဓတ်တွေကို အွန်လှိုင်းကတစ်ဆင့်

လွှမ်းခြုံရစ်ပတ်ပေးရမဲ့ ချစ်သူတစ်ယောက်ရဲ့တာဝန်တွေ

လှစ်ဟင်းလို့ပျက်ကွက်သွားခဲ့ရတဲ့ ကို့ကို

အရင်လိုကြည်ဖြူစွာနဲ့ ခွင့်ကောလွတ်နေပါသေးရဲ့လား

အဲဒီလိုအစရှိတဲ့ မေးခွန်းရဲ့လားပေါင်းများစွာတွေက

အခုတစ်လော ကို့ရဲ့အတွေးတွေထဲမှာနေ့စဉ်ရက်ဆက်ပြီး

ဝိုင်းကြီးပက်ပက်တူဝေေ၀….

                                                                    19.7.2011

                                                               ခွန်ကြယ်ဖြူ(ဆီဆိုင်)

In: ကဗျာ Posted By: Date: Jul 20, 2011
Comment #1

ခွင့်လွှတ်နေမှာပေါ့ …….

commentinfo By: May Kha at Jul 20, 2011
Comment #2

ကျေးဇူးတင်ပါတယ် May Kha ..ရေ…

Comment #3

🙂
So much touching.

commentinfo By: ei lay at Dec 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment