Professional Authors

နွေနဲ့ ကျွန်တော်

နွေ
ရွက်ဟောင်းတွေကြွေ
ရွက်သစ်ဝေပေမယ့်
ငါကတော့….
တစ်ယောက်တည်းပါ နွေ ။
လေပြေတွေ
နော့လာလိုက်….
လေရှုးတွေ
တိုက်လာလိုက်….
ကစဥ့်ကလျားတွေထဲ
ငါ့အလွမ်းတွေလည်း….
မွစာကြဲနေပြီ နွေ ။
တဖိတ်ဖိတ်
တောက်ပနေတဲ့ အပူရှိန်က
တလျှံလျှံ ငြီးနေတဲ့
ငါ့အလွမ်းတွေလောက်
မထူဘူး နွေ ။
နွေသရုပ်ကို
ဥသြ နဲ့ ပန်းကံ့ကော်တွေက
ပြသ သလို
ငါ့အလွမ်းတွေကို
ဒိုင်ယာရီ နဲ့ သီချင်းတွေမှာ
ဖွင့်ဆိုထားတယ်နွေ ။
နွေ မိုး ဆောင်း
ရာသီတွေ လည်ပတ်နေသလို
နေ့လည်း လွမ်း
ညလည်း လွမ်းနဲ့
ငါလည်း….
အလွမ်းတွေနဲ့ သံသရာလည်နေတယ် နွေ ။    ။
3:05 PM / Monday

In: ကဗျာ Posted By: Date: Mar 4, 2013
Comment #1

same feeling.
million thz

commentinfo By: ei lay at Mar 5, 2013
Comment #2

ကျွန်တော် နှင့် နွေ
…..
ခံစား ဖတ်ရှု သွားပါသည်

commentinfo By: အသဲကွဲ မိုး at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment