Professional Authors

ညက… ကမ်းခြေမှာ သုံးယောတ်

ညက…
ကမ်းခြေမှာ သုံးယောတ်

တစ်ယောတ်က ခံစားချက်မူး
တစ်ယောက်က ဘဝမူး
တစ်ယောက်က ယုံကြည်ချက်မူးလို့
ဗလုံးဗထွေး ပြောကြ။

ဟိုးမနီးမဝေး မှာ
အနီယှက်ဖွဲ့ကောင်းကင် နွေးနွေးစွေးစွေးထဲ
စက်ကြီး တဗီးဗီးနဲ့ မီးတွေမှုတ်ထုတ်။

သီချင်းဂီတ ဖလှယ်
ဘဝ ဖလှယ်
အိပ်မက် ဖလှယ်
အမုန်းတွေ လဲဖလှယ်

လှိုင်းရယ်၊ ရေရယ်၊ လှေရယ်
ခင်ဗျားတို့ သိပြီးသားပဲ
ခဏ ခဏ ပါနေကျမို့ မပြောတော့ဘူး

မိုးလင်းကာနီး တဲ့အခါ
ကိုယ့်အထုပ် ကိုယ်ပိုက်ပြန်
ကျုပ်ကတော့
သူလိုငါလိုနက်ဖြန်ထဲ သွားရ။ ။

ဩမြိုင်

In: ကဗျာ Posted By: Date: Nov 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment