Professional Authors

ခပ်ပါးပါးအလင်းရောင်

ရိုးသားမှုတစ်ခုကိုအစပြု
ချစ်ခြင်းတရားကိုမွေးဖွားမိခဲ့တဲ့ကျွန်တော်
နားလည်ခြင်းတွေ ထွေးပိုက်ရင်း
အိပ်မက်တစ်ခုကိုလည်း နိုးထစေခဲ့ပြီ။
သူမရဲ့ ပုံရိပ်တွေပြည့်နေတဲ့ ကျွန်တော့်ရင်ဘတ်
ကံကြမ္မာရဲ့စုတ်ချက်ကြမ်း တို့ထိမိလိုက်တိုင်းလည်း
မျှော်လင့်ခြင်းတွေ လမ်းပြလို့
နေ့သစ်တစ်ခုကိုလည်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့ပြီ။
မဟောင်းနွမ်းနိုင်တဲ့ ခံစားချက်နဲ့
ရှင်သန်ခြင်းတွေ လတ်ဆတ်တက်ကြွရင်း
အနာဂတ်တစ်ခုကို တည်ဆောက်ချင်ခဲ့တဲ့ကျွန်တော်
မရေရာခြင်းတွေမှာလည်း သေချာတာဘာမှမရှိတာ သိနေခဲ့ပြန်ပြီ။
သိမ်ငယ်မှုတွေ ၀န်းပတ်နေတဲ့ကမ္ဘာ
စိုးရွံ့မှုတွေ ကြီးစိုးနေခဲ့တဲ့ကမ္ဘာ
ခြောက်ကပ်တိတ်ဆိတ်နေတဲ့ကမ္ဘာ…အဲ့ဒီကျွန်တော့်ကမ္ဘာလေးထဲ
မျှော်လင့်ချက်ဆိုတာခပ်ပါးပါးအလင်းရောင်ပါ။
မျှော်လင့်ချက်ဆိုတာခပ်ပါးပါးအလင်းရောင်ပါ။

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

ကိုမိုးလုရေ ..ရင်ထဲကိုထိတယ်ဗျာ .. မျှော်လင့်ချက်ဆိုတာခပ်ပါးပါးအလင်းေ၇ာင်လေးပဲလားဗျာ … 🙂

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment